
၈. ၃. ၂၀၂၅
Written by MMAK
◾ နော်တင်ဟန်ဖောရက် Vs မန်စီးတီး
နော်တင်ဟန်ဖောရက်အသင်းက နောက်ပိုင်းပွဲစဥ်တွေမှာ ခြေစွမ်းအကျဘက်ကို ရောက်နေပေမဲ့ အိမ်ကွင်းမှာတော့ ခြေစွမ်းနဲ့ရလဒ်တွေ ကောင်းပါသေးတယ် ။ မန်စီးတီးအသင်းကလည်း ခြေစွမ်းတည်ငြိမ်မှုမရှိဘဲ ရှုံးလိုက်နိုင်လိုက်နဲ့ ရလဒ်တွေသိပ်မကောင်းပါဘူး ။ ဒီပွဲစဥ်မှာ အဝေးကွင်းမန်စီးတီးအသင်းက သရေအရှုံးပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးသရေဖြစ်ပါတယ် ။ ဖောရက်အသင်းက အိမ်ကွင်းရလဒ်ကောင်းအောင် ကစားတတ်တာကြောင့် မန်စီးတီးအသင်းကို ထိန်းကစားပြီး တန်ပြန်တိုက်စစ်နဲ့သာ ကစားလာနိုင်ပါတယ် ။ မန်စီးတီးအသင်းရဲ့ ဘော်ဒီကြေးကလည်း အနိုင်ရရင်တစ်ဂိုးအသာလောက်နဲ့ ကပ်နိုင်သွားနိုင်မဲ့ ပေါက်ကြေးဖြစ်တာကြောင့် ဂိုးတွေအများကြီး သွင်းနိုင်မယ်မထင်ပါဘူး ။ ဒီပွဲစဥ်က လေးဂိုးလောက်ထိ ရောက်နိုင်မယ်မထင်ဘဲ အများဆုံးရောက်ခဲ့ရင် သုံးဂိုးလောက်သာ ဖြစ်နိုင်ပါတယ် ။ ဒီအတွက်ကြောင့် ဂိုးအောက်တစ်မျိုးတည်းကိုသာ ရွေးချယ်ပေးချင်ပါတယ် ။
◾ လီဗာပူး Vs ဆောက်သမ်ပ်တန်
လီဗာပူးအသင်းက ဒုတိယနေရာက အာဆင်နယ်အသင်းနဲ့ တစ်ပွဲပိုကစားထားပြီး တစ်ဆယ့်သုံးမှတ်အထိ ကွာဟနေပါတယ် ။ ဒီပွဲပြီးရင်လည်း PSG အသင်းနဲ့ ချန်ပီယံလိဂ် ဒုတိယအကျော့ကို ကစားရမှာ ဖြစ်ပါတယ် ။ ဇယားအောက်ဆုံးက ဆောက်သမ်ပ်တန်အသင်းကို အရန်တွေနဲ့ ထည့်ကစားရင်တောင် အနိုင်ရနိုင်တာကြောင့် ဘော်ဒီကြေး နှစ်လုံးအရှုံးဆိုတဲ့ ပေါက်ကြေးနဲ့ ဂိုးပေါင်းကြေး လေးလုံးငါးဆယ်စားဆိုတဲ့ ပေါက်ကြေးမှာ လီဗာပူးအသင်းက စုံအောင်နိုင်ပါ့မလားဆိုတာ စဥ်းစားစရာဖြစ်ပါတယ် ။ ဒီပွဲစဥ်မှာ ခံစစ်ကောင်းတဲ့ လီဗာပူးအသင်းကို ဆောက်သမ်ပ်တန်အသင်း ဂိုးရနိုင်ချေ နည်းလွန်တာကြောင့် လီဗာပူးအသင်းရဲ့ သွင်းဂိုးတွေကိုပဲ မြင်ရမယ်လို့ထင်ပါတယ် ။ လီဗာပူးအသင်းကလည်း ချန်ပီယံလိဂ်ပွဲစဥ်ကို အာရုံရောက်နေနိုင်တာကြောင့် အရန်တွေနဲ့ပွဲထွက်လာပြီး အနိုင်ရလဒ်ကိုပဲ ထိန်းကစားသွားမယ်ထင်ပါတယ် ။ အရန်တွေနဲ့ ပွဲထွက်လာမဲ့ လီဗာပူးအသင်းရဲ့ သွင်းဂိုးတွေပဲ မြင်ရနိုင်ပြီး လီဗာပူးအသင်းကလည်း ဂိုးတွေအများကြီးသွင်းပြီး စုံပေါ်အောင်မယ်မထင်ပါဘူး ။ ဒီပွဲစဥ်က အောက်ကြေးတစ်ခုခု အနိုင်ရနိုင်တာကြောင့် ဂိုးပေါင်းအောက်တစ်မျိုးတည်းကို ရွေးချယ်ပေးချင်ပါတယ် ။




◾ ဘရိုက်တန် Vs ဖူဟမ်
ငါးပွဲဆက်နိုင်ပွဲရထားပြီး ငါးပွဲလုံးကြေးအောင်ထားတဲ့ ဘရိုက်တန်အသင်း ခြေစွမ်းကောင်းလွန်းနေပါတယ် ။ ဖူဟမ်အသင်းရဲ့ခြေစွမ်းကလည်း မှန်းဆရခက်ခဲပေမဲ့ အရမ်းကြီး ဆိုးလွန်းနေတာမျိုးမဟုတ်သလို အရမ်းကြီးကောင်းနေတာမျိုးလည်း မဟုတ်ပါဘူး ။ နှစ်သင်းလုံးက ဥရောပဝင်ခွင့်နေရာတွေ မျှော်လင့်ချက်ရှိနေတာကြောင့် အမှားမခံတမ်း ကစားလာနိုင်ပါတယ် ။ ဒီပွဲစဥ်မှာ အိမ်ရှင်ဘရိုက်တန်အသင်းက ဘော်ဒီကြေး ပြားရှစ်ဆယ်အရှုံးပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးကိုးဆယ်စား ဖြစ်ပါတယ် ။ ဘရိုက်တန်အသင်းရဲ့ ပေါက်ကြေးကအနည်းငယ်ပျော့နေပြီး အနိုင်ရဖို့ခက်ခဲနိုင်တဲ့ ပေါက်ကြေးဖြစ်ပါတယ် ။ အဓိကအချက်ကတော့ ငါးပွဲဆက်ကြေးအောင်ထားတဲ့ ဘရိုက်တန်အသင်းကို လုံးဝမကြိုက်တဲ့အပြင် ဖူဟမ်အသင်းကလည်း ဖျက်မြင်းအသင်းလို့ဖြစ်နေပြီး အရမ်းကောင်းနေတဲ့ ဘရိုက်တန်အသင်းကို သရေရအောင်ကစားနိုင်တယ်လို့ ထင်ပါတယ် ။ ဒီအတွက်ကြောင့် အောက်အသင်းဖြစ်တဲ့ ဖူဟမ်ဘော်ဒီကို ရွေးချယ်ပေးချင်ပါတယ် ။
◾ ခရစ္စတယ်ပဲလေ့စ် Vs အစ်ဆွချ်
လူပြန်စုံလာတဲ့ ပဲလေ့စ်အသင်းရဲ့ ခြေစွမ်းက အရမ်းကိုကောင်းနေပါတယ် ။ အစ်ဆွချ်အသင်းကတော့ တန်းဆင်းဇုန်ရုန်းနေတာကြောင့် အားထည့်ကစားနေတာကို တွေ့ရပါတယ် ။ ဒီပွဲစဥ်မှာ ပဲလေ့စ်အသင်းက ဘော်ဒီကြေး တစ်လုံးတစ်ဆယ်စားပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးငါးဆယ်ဆယ်စား ဖြစ်ပါတယ် ။
ပထမအကျော့မှာ ပဲလေ့စ်အသင်းက ပြားငါးဆယ်အရှုံးသာ ပေးခဲ့တာကြောင့် ဒီပွဲစဥ်မှာ တစ်လုံးငါးဆယ်စားသာပေးရမှာ ဖြစ်ပေမဲ့ တစ်လုံးသရေလောက်ထိ ပေးထားတဲ့ ဘော်ဒီကြေးက အနည်းငယ်ပြင်းရှနေပါတယ် ။ အစ်ဆွချ်အသင်းက တန်းဆင်းဇုန်ရုန်းနေတာကြောင့် အားထည့်ကစားလာနိုင်ပေမဲ့ ခြေစွမ်းကတော့ အရမ်းကွာနေပါတယ် ။ ပဲလေ့စ်အသင်းရဲ့ အိမ်ကွင်းခြေစွမ်းက အရမ်းကောင်းနေတာကြောင့် အနိမ့်ဆုံးတစ်ဂိုးအသာလောက်နဲ့ အနိုင်ရသွားနိုင်ပါတယ် ။ ပေါက်ကြေးကလည်း တစ်ဂိုးအသာနဲ့နိုင်မယ်ဆိုတဲ့ ပေါက်ကြေးမျိုးဖြစ်တာကြောင့် အခုပွဲစဥ်မှာ ပဲလေ့စ်အသင်းကို ရွေးချယ်ပေးချင်ပါတယ် ။

◾ ဘရန့်ဖို့ Vs အက်စတွန်ဗီလာ
ဘရန့်ဖို့အသင်း အိမ်ကွင်းနိုင်ပွဲမရတာ ခြောက်ပွဲအထိရှိနေပြီဖြစ်သလို ရာသီအစမှာ အိမ်ကွင်းရလဒ်အရမ်းကောင်းခဲ့ပေမဲ့ နောက်ပိုင်းပွဲစဥ်တွေမှာ အိမ်ကွင်းရလဒ်တွေ ဆိုးရွားနေပါတယ် ။ ဗီလာအသင်းက ခြေစွမ်းသိပ်မဆိုးပေမဲ့ အဝေးကွင်းရလဒ်မကောင်းသလို ချန်ပီယံလိဂ်ကစားရဖို့ ရှိနေတာကြောင့် အခုပွဲစဥ်မှာ အာရုံအပြည့်စိုက်နိုင်မယ် မထင်ပါဘူး ။ ဒီပွဲစဥ်မှာ အိမ်ရှင်ဘရန့်ဖို့အသင်းက ဘော်ဒီကြေး ပြားငါးဆယ်အရှုံးပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးလေးဆယ်အရှုံးဖြစ်ပါတယ် ။ ဘော်ဒီကြေး ပျော့ပျော့လေးသာ ပေးထားပေမဲ့ ဂိုးပေါင်းကြေး ပြင်းရှနေတာကို တွေ့ရတာကြောင့် နှစ်သင်းလုံးဂိုးရနိုင်တယ်ဆိုတဲ့ ဂိုးပေါင်းကြေးမျိုး တွေ့ရပါတယ် ။ သို့ပေမဲ့ အိမ်ကွင်နိုင်ပွဲပျောက်နေတဲ့ ဘရန့်ဖို့အသင်း ဒီပွဲစဥ်မှာ အားထည့်ကစားလာနိုင်သလို ဗီလာလိုအသင်းကို ပြားငါးဆယ်လောက်ထိပေးထားတဲ့ ဘော်ဒီကြေးက ဘရန့်ဖို့အသင်း နိုင်ပွဲရသွားနိုင်တဲ့ ပေါက်ကြေးဖြစ်ပါတယ် ။ ချန်ပီယံလိဂ်ကို အာရုံရောက်နေနိုင်တဲ့ ဗီလာအသင်းကို ဆန့်ကျင်ထားချင်ပြီး အိမ်ရှင်ဘရန့်ဖို့အသင်းကို ရွေးချယ်ပေးချင်ပါတယ် ။
◾ ဝုဗ် Vs အဲဗာတန်
တန်းဆင်းဇုန်အပေါ်က အထက်အောက်အသင်းတွေ ဖြစ်ပေမဲ့ တန်းဆင်းဇုန်နဲ့ ဆယ့်ငါးမှတ်ကွာနေတဲ့ အဲဗာတန်အသင်းက လွတ်ဖို့များပါတယ် ။ ဝုဗ်အသင်းက တန်းဆင်းဇုန်နဲ့ ကပ်နေတာကြောင့် အိမ်ရှင်ဝုဗ်အသင်းရဲ့ ရုန်းအားကို ပိုသဘောကျပါတယ် ။ နောက်ပိုင်းပွဲစဥ်တွေမှာ အဲဗာတန်အသင်းက ခြေစွမ်းကောင်းနေတာကြောင့် အိမ်ရှင်ဝုဗ်အသင်း ကြေးကြောမပေးနိုင်ဘဲ ဘော်ဒီကြေး ဒဲ့ပေါက်နေပြီး ဂိုးပေါင်းကြေး နှစ်လုံးနှစ်ဆယ်အရှုံး ပေါက်ပါတယ် ။ ဂိုးပေါင်းကြေးက အရမ်းကိုပျော့နေသလို ဒီပွဲစဥ်က တစ်ဖက်တစ်ဂိုးစီလောက်နဲ့ ပွဲပြီးသွားနိုင်သလို အနိုင်ရမဲ့အသင်းကို ရွေးရမယ်ဆိုရင် အိမ်ရှင်ဝုဗ်အသင်းကိုဘဲ ရွေးရမှာပါ ။ အမှတ်မလိုတဲ့ အဲဗာတန်အသင်းကို လုံးဝမကြိုက်ဘဲ တန်းဆင်းဇုန်ဖိအားရှိနေတဲ့ အိမ်ရှင်ဝုဗ်အသင်း ရုန်းကန်ကစားလာနိုင်ပါတယ် ။ သရေကျရင်တောင် ကြေးရှုံးမှာမဟုတ်ဘဲ တကယ်လို့နိုင်ခဲ့ရင် အိမ်ရှင်ဝုဗ်အသင်းက အနိုင်ရသွားမယ်လို့ ယူဆထားတာကြောင့် ဝုဗ်ဘော်ဒီကို ရွေးချယ်ပေးချင်ပါတယ် ။
