နေမိုး
၂၅. ၈. ၂၀၂၆
သန်လျင်မြို့နယ်တွင် တရားမဝင် ဗလီဆောက်လုပ်မှုအား ဒဏ်ကြေးများ ချမှတ်ထားသလို ၉၀ ရာခိုင်နှုန်း ပြန်လည်ဖြိုဖျက်ထားပြီးဖြစ်ကြောင်း အစိုးရ သတင်းမှန်ထုတ်ပြန်ရေးအဖွဲ့မှ သိရသည်။





ပြီးခဲ့သည့် ရက်ပိုင်းက သန်လျင်မြို့နယ်ရှိ စိန်ကုန်းဗလီအတွင်း တရားမဝင်အဆောက်အအုံများ ဆောက်လုပ်ကာ ဗလီတိုးချဲ့နေမှုနှင့် ပတ်သက်၍ သတင်းများ ထွက်ပေါ်လာမှုအပေါ်စုံစမ်းစစ်ဆေးရာ ထိုဗလီ တရားမဝင် ဆောက်လုပ်မှုများအတွက် သက်ဆိုင်ရာဌာနဆိုင်ရာများအား ငွေကြေးလာဘ်လာဘများ ပေးထားကြောင်း Online တွင်ပျံ့နှံ့နေမူနှင့်ပတ်သက်၍ မှန်ကန်မှုရှိ/ မရှိအား မြေပြင်စစ်ဆေးချက်များအရ သက်ဆိုင်ရာ ဌာနဆိုင်ရာဝန်ထမ်းများအား ငွေကြေးပေးဆောင်ခဲ့မှု မရှိကြောင်း ပေါ်ပေါက်ခဲ့သည်။
ထို့အပြင် သက်ဆိုင်ရာ မြို့နယ်စည်ပင်အဖွဲ့မှ တရားမဝင်အဆောက်အဦများဆောက်လုပ်နေမူနှင့် ပတ်သက်၍ ၁၀.၄.၂၀၂၆ (ပထမအကြိမ်)၊ ၂၀.၄.၂၀၂၆ (ဒုတိယအကြိမ်)၊ ၂၇.၄.၂၀၂၆(တတိယအကြိမ်)၊ ၁၅.၅.၂၀၂၆ (စတုတ္ထအကြိမ်) ၊စုစုပေါင်း (၄)ကြိမ် တားမြစ်အကြောင်းကြားစာများ ပို့ထားသော်လည်း အဆောက်အဦအား ဆက်လက် ဆောက်လုပ်နေသဖြင့် စည်ပင်အဖွဲ့မှအဆောက်အဦ ဆောက်လုပ်သူအား သန်လျင်တရားရုံးတွင်တရားစွဲဆိုခဲ့သဖြင့် ဩဂုတ် ၈ ရက်နေ့တွင် သန်လျင်တရားရုံးမှ ဒဏ်ငွေ ၁ သိန်းပြစ်ဒဏ်ချမှတ်ခဲ့သည်။




ထို့အပြင် ဩဂုတ် ၁၈ ရက်နေ့တွင် ထပ်မံ၍ ဒဏ်ငွေ ၇၁၀၀၀၀ သိန်းပေးဆောင်ရန်အမိန့်ချမှတ်ခဲ့ကြောင်းနှင့် မြေပြင်တွင်အဆောက်အဦများအား ၎င်းတို့သဘောဆန္ဒအတိုင်း ၎င်းတို့ကိုယ်တိုင်ပြန်လည်ဖျက်ဆီးရာ ၉၀ ရာခိုင်နှုန်း ဖျက်ဆီးပြီးဖြစ်ကြောင်း သတင်းမှန်ထုတ်ပြန်ရေးအဖွဲ့၏ ပြန်လည်ဖြေကြားမှုအရ သိရသည်။
ပုံစာ။ စိန်ကုန်းဗလီအတွင်း တရားမဝင် ဗလီတိုးချဲ့နေမှု မြင်ကွင်း (Photo – MNP)
