


MT News
၂၃. ၁၀. ၂၀၂၆
စစ်တွေမြို့၌ AA အကြမ်းဖက်သောင်းကျန်းသူများ၏ ပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသော ဒေသခံများပြည်သူများအား စစ်တွေမြို့ပြည်သူ့ဆေးရုံကြီး၌ ဆေးကုသပေးနေမှု ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦး တွေ့ဆုံအားပေးစကားပြောကြား၍ ထောက်ပံ့ငွေနှင့် စားသောက်ဖွယ်ရာပစ္စည်းများပေးအပ်ခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ယနေ့ ကြေညာသည်။
စစ်တွေမြို့ပေါ်သို့ AA အကြမ်းဖက်သောင်းကျန်းသူများ၏ ပစ်ခတ်မှုကြောင့် ယနေ့ နံနက်ပိုင်းက ထိခိုက်ဒဏ်ရာရရှိသော ဒေသခံပြည်သူများအား စစ်တွေမြို့ ခုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကုဆေးရုံကြီး၌ ဆေးကုသမှုပေးနေမှုကို ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦး သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှု၍ အားပေးစကားပြောကြားသည်။
စစ်တွေမြို့ပေါ်သို့ AA အကြမ်းဖက်သောင်းကျန်းသူများ၏ ပစ်ခတ်မှုကြောင့် လူနေရပ်ကွက်များပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ရာ ဒေသခံပြည်သူများ သေဆုံးထိခိုက်ဒဏ်ရာ ရရှိခဲ့ရာ ဆေးရုံတက်ရောက်၍ ကျန်းမာရေးစောင့်ရှောက်မှုခံယူနေသော ဒဏ်ရာရလူနာများအား ကျန်းမာရေးစောင့်ရှောက်မှု ပြည့်ဝစွာဆောင်ရွက်ပေးနိုင်ရေး၊ ပြည်သူ့ဆေးရုံကြီးမှ တာဝန်ရှိသူများအားမှာကြားကာ ဆေးကုသမှုခံယူနေသော ထိခိုက်ဒဏ်ရာရလူနာများကို တွေ့ဆုံအားပေးစကားပြောကြားခဲ့ပြီး သေဆုံးသွားသူများ၏ မိသားစုဝင်များနှင့် ဆေးကုသမှု ခံယူနေသော ဒဏ်ရာရသူများကို ထောက်ပံ့ငွေနှင့် စားသောက်ဖွယ်ရာပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။
