MT News

Written By Thandar

အခက်အခဲတွေ ကြားကနေ အလှမယ် တစ်ယောက်အဖြစ်ရပ်တည်လာတဲ့ အိမ့်မျက်ခြယ်ကတော့ အခြေခံလူတန်းစားကနေ Miss လောကဆီလျှောက်လှမ်းမယ်ဆိုရင် အမြဲတမ်းအဆင့်သင့်ပြင်ပြီးတော့ စိတ်ခွန်အား အပြည့်နဲ့ အိပ်မက်တွေဆီ လျှောက်လှမ်းဖို့ ပြောချင်ပါတယ်လို့ MT News ကို ပြောပါတယ်။

“လူတိုင်းမှာလည်း အိပ်မက်ကိုယ့်ဆီရှိကြတယ်။ လူတိုင်းဖြစ်ချင်တဲ့ အိပ်မက်တိုင်းကတော့ လျှောက်လှမ်းတဲ့အခါမှာ အခက်အခဲတွေ အများကြီးရှိပါတယ်။ ငွေကြေးပြည့်စုံသူလည်း အထိုက်လျောက်အခက်အခဲရှိတာပဲ။ မပြည့်စုံသူတွေကတော့ အခက်အခဲတွေ ပိုများတာပေါ့။ ကိုယ်တိုင်က အခြေခံလူတန်းစားက တက်လာတဲ့ အလှမယ်တစ်ယောက်ဖြစ်တယ်။ ဒီနေ့ ဒီအချိန်ထိ အသိအမှတ်ပြုခံပြီး နေရာလေး တစ်ခုရောက်အောင် ကြိုးစားခဲ့ရသူလည်း ဖြစ်တယ်။ ငွေကြေးမပြည့်စုံတဲ့ အခြေခံလူတန်းစားတွေထဲက အိပ်မက်ကြီးကြီး မက်နေတဲ့ လူငယ်တွေကို ပြောချင်တာက ဘယ်လိုမှာ လက်မလျှော့လိုက်ပါနဲ့။ အထောက်အပံ့တွေအများကြီးရှိတဲ့သူတွေနဲ့ ကိုယ့်က ယှဥ်ပြီး ကြိုးစားတော့မယ်ဆိုရင် သူတို့ထက် ကိုယ်ကပိုပြီး အင်အား ၁၀ ဆလောက်စိုက်ထုတ်ရ မယ်။ အမြဲတမ်း အဆင့်သင့်ပြင်ပြီးတော့ စိတ်ခွန်အားအပြည့်နဲ့ အိပ်မက်တွေဆီ လျှောက်လှမ်းပါလို့ ပြောချင်ပါတယ်”လို့ အလှမယ် အိမ့်မျက်ခြယ်ပြောပါတယ်။

သူ့မကတော့ Pyo Madi Fashion & Design School သင်တန်းဆင်းပွဲမှာ Presenter အနေနဲ့ စီစဥ်ဆောင်ရွက်ပေးလျက်ရှိပါတယ်။ အိမ့်မျက်ခြယ်ဟာ အခြေခံမိသားစုဘဝကနေ အခက်အခဲပေါင်းများစွာ ကြားထဲက တီချယ်တင်မိုးလွင်ဆီမှာ သင်တန်းတွေတက်ရင်းကနေ အလှမယ်လောကထဲကို ရောက်ရှိလာတာလည်း ဖြစ်ပါတယ်။

Miss Golden Land 2015 အိမ့်မျက်ခြယ်ကတော့ လက်ရှိ Presenter အလုပ်အပြင် အလှမယ်ပြိုင်ပွဲဝင်တွေအတွက်လည်း Trainer အနေနဲ့ လုပ်ကိုင်ပေးလျက်ရှိပါတယ်။ အိမ့်မျက်ခြယ်ဟာ နောက်ပိုင်းမှာ လက်ရှိ Presenter သင်တန်းဖွင့်ဖို့လည်း စီစဥ်ထားတယ်လို့သိရပါတယ်။ သူမဟာ Tasty Trip TV Host လုပ်ကိုင်နေရင်း Miss Supranational 2019 နိုင်ငံတကာ အလှမယ်ပြိုင်ပွဲကြီးမှာလည်း ပါဝင်ယှဉ်ပြိုင်ခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News