၄. ၁. ၂၀၂၃
Written by Nay Aung

မက္ကဆီကိုနိုင်ငံ၊ ဆိုနိုရာပြည်နယ်က ပါလိုမိုအမည်ရတဲ့ ခွေးလေးဟာ ပျောက်ဆုံးနေတဲ့ သူ့သခင်ကို ပြန်ရှာတွေ့အောင် ကူညီပေးနိုင်ခဲ့တဲ့အပေါ် လူအများချီးကျူးနေရပါတယ်။

ခွေးကလေးရဲ့သခင်ဖြစ်သူဟာ ဒွန်ဂိုရိုလို ခေါ်ကြတဲ့ ဂရိဂိုရီအို ရိုမယ်ရို ဆိုသူဖြစ်ပြီး လက်ရှိအချိန်မှာအသက် ၈၄နှစ်အရွယ်အဘိုးအိုတစ်ယောက်ပါ။ အသက် ၈၄နှစ်အရွယ် ရိုမယ်ရိုဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလကုန်မှာ လမ်းလျှောက်ရင်း ဘယ်ကိုရောက်လို ရောက်မှန်းမသိဘဲပျောက်ဆုံးသွားနေခဲ့တာ သီတင်းပတ် တစ်ပတ်ကျော် ကြာခဲ့ပါတယ်။

ရိုမယ်ရိုဟာ အိမ်ကိုဘယ်လိုပြန်မလဲဆိုတာ မမှတ်မိတော့ဘဲ အိမ်ပြန်ဖိုလမ်းပျောက်နေခဲ့ပါတယ်။ ဒါပေမဲ့ ရိုမယ်ရိုဟာ မကြာခဏ ခရီးထွက်လေ့ရှိတာကြောင့် ဒီအဘိုးအို ပျောက်ဆုံးသွားတာကို သူ့ရဲ့ဆွေမျိုးတွေကလည်းချက်ခြင်း သတိမထားမိခဲ့ပေမဲ့ အဘိုးအိုပျောက်ဆုံးသွားတာ ၄ ရက်အကြာမှာ သူ့ရဲ့တူမဖြစ်သူက လူပျောက်တိုင်ဖို ဆုံးဖြတ်ခဲ့တယ်လို သိရပါတယ်။

အဘိုးအိုရဲ့တူမဖြစ်သူ လူပျောက်တိုင်ခဲ့ပြီးနောက် မက္ကဆီကို အစိုးရတာဝန်ရှိသူတွေက ရိုမယ်ရိုကို ရှာဖွေခဲ့ပေမယ့် မျှော်လင့်သလောက်ရလဒ်မကောင်းဘဲ ရှာမတွေ့ဘဲ ရှိနေခဲ့ပါတယ်။ တာဝန်ရှိသူတွေ ရိုမယ်ရိုကို ရှာဖွေဖိုကြိုးပမ်းနေချိန်မှာပဲ အဘိုးအို ရိုမယ်ရို မွေးထားတဲ့ခွေးကလေးပါလိုမိုက မက္ကဆီကို အစိုးရတာဝန်ရှိသူတွေကို ကူညီရှာဖွေပေးခဲ့ပါတယ်။

ခွေးကလေးပါလိုမိုဟာ သူ့သခင်ကို ရှာဖွေနေတဲ့အဖွဲတွေကို အိမ်ရဲ့ နှစ်မိုင်နီးပါးအကွာက နေရာတစ်ခုကို ဦးဆောင်ခေါ်သွားပြီးအဘိုးအို ရိုမယ်ရိုကို ပြန်ရှာတွေ့အောင်ကူညီပေးခဲ့ပါတယ်။

မက္ကဆီကိုအာဏာပိုင်တွေဟာ အဘိုအို ရိုမယ်ရိုကို တောင်ကုန်း၊ လျှိမြောင်ကြားထဲမှာ ပြန်ရှာတွေ့ခဲတာဖြစ်ပြီး အဘိုးအိုရဲ့ပုံစံဟာ ရက်အတန်ကြာ အစားမစားရတဲ့အတွက်အားအင်ကုန်ခမ်းနေတဲ့ ပုံစံမျိုးနဲ့တွေ့ရှိခဲ့ပါတယ်။ အဘိုးအိုကို ရှာဖွေနေတဲ့ မက္ကဆီကိုအာဏာပိုင်တွေ၊ ရှာဖွေကယ်ဆယ်ရေးအဖွဲတွေဟာ ရိုမယ်ရိုကို ပြန်တွေ့ခဲ့ပြီးနောက် အရေးပေါ်လိုအပ်တဲ့ ဆေးဝါးစမ်းသပ်ကုသမှုတွေ ခံယူဖိုအတွက် ဆိုနိုရာမြိုကို ခေါ်ဆောင်သွားခဲ့ပါတယ်။

အဘိုးအို ရိုမယ်ရိုဟာ သူ့ကိုရှာနေတဲ့သူတွေနဲ့ ပြန်မဆုံခင် တစ်ပတ်လောက် ယောင်လည်လည်ဖြစ်ခဲ့ပြီးအခက်ခဲများစွာရှိနေခဲ့ပါတယ်။ အဘိုးအိုရဲ့ခွေးကလေး ပါလာမိုဟာ သူရဲ့သခင်ဖြစ်သူ ဆေးရုံတက်နေချိန်မှာလည်း သခင်ဖြစ်သူကို တွေ့ရဖို ဆေးရုံဝင်ပေါက်နားမှာ အမြဲတမ်းစောင့်ကြည့်နေခဲ့တယ်လို မက္ကဆီကိုမီဒီယာတွေက ဆိုပါတယ်။

ref boredpanda

Leave a Reply

Your email address will not be published. Required fields are marked *