


၂၃.၁၀.၂၀၂၆
Written by KL
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်၊ (၁၉) ရပ်ကွက်၊ ရေကူးလမ်းတွင် အောက်တိုဘာ ၂၃ ရက် ည ၁၀ နာရီ ၃၇ မိနစ်ခန့်က ဖြစ်ပွားခဲ့သော လူနေအိမ်နှစ်လုံး မီးလောင်မှုမှာ လူမရှိဘဲ ရေမော်တာဖွင့်ထားရာမှ အပူလွန်ကဲပြီး မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးသူများ၏ အတည်ပြုချက်အရ သိရသည်။
၁၅ မိနစ်ခန့်ကြာမြင့်ခဲ့သော မီးလောင်မှုကြောင့် သွပ်မိုး၊ ပျဥ်ကာ၊ ပျဥ်ခင်း တစ်ထပ်နေအိမ် တစ်လုံးနှင့် သွပ်မိုး၊ ကျောက်ပြားကာ၊ ပျဥ်ခင်း တစ်ထပ်နေအိမ်တစ်လုံးအပါအဝင် အတွင်းပစ္စည်းများ မီးလောင်ဆုံးရှုံးခဲ့သော်လည်း လူထိခိုက်သေဆုံးမှုမရှိကြောင်း သိရသည်။
မီးလောင်မှုကို မီးငြှိမ်းသတ်ယာဥ် ၄ စီး၊ ရေသယ်ယာဥ် ၁ စီးနှင့် သန္ဓေအရန်မီးသတ်တပ်ဖွဲ့ဝင်များက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ ည ၁၀ နာရီ ၄၉ မိနစ်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။
နေအိမ်နှစ်လုံး မီးလောင်မှုကြောင့် အသက် ၄၁ နှစ်အရွယ် ဦးမျိုးမင်းဦးကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၈၅ ဖြင့် ဒဂုံမြို့သစ်( တောင်ပိုင်း)မြို့နယ် ရဲစခန်းက အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
