






သက်တံ့
၂၄. ၁၀. ၂၀၂၆
မော်လမြိုင်ကနေ ကျိုက်ခမီကို ဘုရားဖူးသွားမယ်ကား ဘီးပေါက်ပြီး တိမ်းမှောက်တာကြောင့် ကလေးငယ်တွေ အပါအဝင် လူ ၁၁ ဦး ထိခိုက်ဒဏ်ရာရမှု ဒီမနက်ဖြစ်ပွားခဲ့တယ်လို့ မော်လမြိုင် Rescue လူမှုကယ်ဆယ်ရေးအဖွဲ့က သိရပါတယ်။
ဖြစ်စဥ်က ဒီနေ့ အောက်တိုဘာ ၂၄ ရက် မနက် ၆ နာရီခန့်မှာ မော်လမြိုင်-မုဒုံသွားလမ်းမကြီးပေါ်၊ ကြာအင်းရပ်ကွက်၊ ခုတင်(၃၀၀)ဆေးရုံအနီး၊ မော်လမြိုင် ခရွမ်းရှမ်းရွာကနေ ကျိုက်ခမီကို ဘုရားဖူးသွားမယ့် ဟိုက်ဂျက်ကား၊ ဝဲဘက် နောက်ဘီးပေါက်ပြီး စလစ်ဖြစ်ရာက လမ်းဘေးဓာတ်တိုင်ကို ဝင်တိုက်မိ တိမ်းမှောက်မှု ဖြစ်ပွါးခဲ့တာပါ။
အဆိုပါ ယာဉ်မတော်တဆမှုကြောင့် ယာဉ်မောင်းအပါအဝင်၊ ကားပေါ်ပါလာသူ (၁၁)ဦး (ကျား-၃/
မ-၄/ ကလေး-၄) ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ကြသလိုအခင်းဖြစ်နေရာကို ရွှေနတ်တောင် Rescue အဖွဲ့က အရေးပေါ်ယာဉ်(၂)စီး၊ မေဓာရာမ ပရဟိတအဖွဲ့က ယာဉ်(၂)စီး၊ မော်လမြိုင် Rescue လူမှုကယ်ဆယ်ရေးအဖွဲ့က (၁)စီး၊ စုစုပေါင်း အရေးပေါ်ယာဉ်(၅)စီးနဲ့ အနီးစပ်ဆုံး ခုတင်(၃၀၀)ဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့သလို မော်လမြိုင်ဆေးရုံကြီးဆီ လွှဲပြောင်းဖို့လိုအပ်တဲ့လူနာတွေကို မော်လမြိုင်ဆေးရုံကြီးဆီ ဆက်လက်ပို့ဆောင် ကူညီပေးခဲ့တယ်လို့ သိရပါတယ်။
