




သတိုး
၂၇. ၉. ၂၀၂၆
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ စက်တင်ဘာ ၂၇ ရက်တွင် ရန်ကုန်မြို့ရှိ ဆေးတက္ကသိုလ်(၁) ဝန်းအတွင်း တည်ဆောက်လျက်ရှိသည့် လိပ်ခုံးပုံ Multi-Purpose Assembly Hall အဆောက်အအုံ တည်ဆောက်ရေးလုပ်ငန်းကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
ကြည့်ရှုစစ်ဆေးစဉ် တာဝန်ရှိသူများက Assembly Hall တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်နေမှု၊ အဆောက်အအုံ၏ မူလဗိသုကာပုံစံနှင့် သွင်ပြင်လက္ခဏာများကို ထိန်းသိမ်းထားရှိမည့် အခြေအနေ၊ ခေတ်မီစနစ်များ ထည့်သွင်းတည်ဆောက်မည့် အစီအစဉ်နှင့် လုပ်ငန်းပြီးစီးရေး ဆောင်ရွက်နေမှုတို့ကို ရှင်းလင်းတင်ပြခဲ့ကြသည်။
နိုင်ငံတော်သမ္မတက ယခင်လိပ်ခုံးခန်းမ နေရာတွင် မူလပုံစံမပျက်စေဘဲ ခေတ်မီဆန်းသစ်သည့် အသွင်အပြင်ရှိစေရေး စနစ်တကျ တည်ဆောက်ရန်နှင့် အခမ်းအနားများ၊ စုဝေးပွဲများ ကျင်းပရာတွင် အသံပိုင်းဆိုင်ရာ အရည်အသွေးကောင်းမွန်စေရန် Soundproof စနစ် ထည့်သွင်းဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့သည်။
အဆိုပါ Multi-Purpose Assembly Hall တည်ဆောက်ရေးလုပ်ငန်းကို ၂၀၂၆ ခုနှစ် ဇွန်လတွင် စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ၂၀၂၇ ခုနှစ် ဇန်နဝါရီလတွင် အပြီးသတ်နိုင်ရန် လျာထားဆောင်ရွက်လျက်ရှိသည်။
