April 20, 2024

ခင်ဦးအခြေစိုက် PDF အဖွဲ့များ၏ Drone ဖြင့် တိုက်ခိုက်မှုတွေ့ရစဥ်

MT News

Written by Nay Moe

NUG ၏ Drone တပ်ဖွဲ့အတွက် Project Skywalk အတွက် ဒေါ်လာလေးသိန်းကျော် အလှူခံရထားသော်လည်း ခင်ဦးအခြေစိုက် Drone အဖွဲ့ ၇ ဖွဲ့မှာ ရန်ပုံငွေနည်းလာ၍ ယာယီရပ်နားလိုက်ရသည်ဟု DUGF(KU Dragon) အဖွဲ့က ထုတ်ပြန်သည်။

အဆိုပါ ၇ ဖွဲ့မှာ ခင်ဦးမြို့နယ် အခြေစိုက် Drone တပ်ဖွဲ့များဖြစ် သော DUGF (KU Dragon)၊ Wolf Guerrilla(Ye-U)၊NAA-DF၊ Burmese Revolution Youth (BRY)၊ FIRE DRAGON (Khin-U) ၊ Northern Tigers Group (NTG)နှင့် FUTURE HERO စသည့် Drone အဖွဲ့များဖြစ်ပြီး ပျက်စီး ဆုံးရှုံးမှုများပြားလာ၍ တိုက်ပွဲဝင်ရန် ရန်ပုံငွေအခက်အခဲကြောင့် ယာယီ ရပ်နားရခြင်းဖြစ်ကြောင်း DUGF(KU Dragon) အက အသိပေးသည်။

” Drone အဖွဲ့များ အနေဖြင့် ပျက်စီးဆုံရှုံးမှုများ များပြားလာသည်နှင့်အမျှ ပြန်လည်တိုက်ပွဲဝင်ရန် ရန်ပုံငွေ အခက်ခဲကြောင့် ယာယီ ရပ်နားထားကြောင်း အသိပေးတင်ပြအပ်ပါတယ်။ မိမိတို့ မဟာမိတ်တပ်ဖွဲ့များ အနေဖြင့် တော်လှန်ရေးတွင် စစ်ကားများ မလာနိုင်ရန် ဓားတစ်ချောင်းဖြင့် သစ်ပင်လှဲသည့်အချိန်မှသည် ယနေ့အချိန်ထိ တစ်ထောင့်တစ်နေရာမှ ပါဝင်ခဲ့ပါတယ်။ သို့ပါသော်လည်း မိမိတို့ Drone အဖွဲ့အနေဖြင့် တော်လှန်ရေး ရန်ပုံငွေ နည်းပါးလာသဖြင့် ယာယီရပ်နားထားမည် ဖြစ်ကြောင်းမဟာမိတ် ခုနှစ်ဖွဲ့မှ အသိပေးတင်ပြအပ်ပါတယ်” ဟု DUGF(KU Dragon) အဖွဲ့က အသိပေးသည်။

Drone အဖွဲ့ ၇ ဖွဲ့အနေဖြင့် တိုက်ပွဲပေါင်း ၁၀၆ကြိမ်တိုက်ခိုက်ခဲ့ပြီး ကာလတန်ဖိုး သိန်း ၃၇၀ ခန့်တန်သည့် ဒရုန်း ၁၁ စီး ဆုံးရှုံးခြင်း၊ Air bomb ၁၇၀ လုံးအတွက် ၁၂၃ သိန်း၊ Air Drop အတွက် ကုန်ကျငွေ ၂၈ သိန်းတိတိ ကုန်ကျခဲ့ပြီး တိုက်ပွဲတစ်ပွဲသွားလျှင် ဆိုင်ကယ်ဆီဖိုးနှင့်အတူ ကုန်ကျငွေ လေးသိန်းနှင့် ငါးသိန်းကြားရှိကြောင်းလည်း DUGF(KU Dragon) အဖွဲ့က အသိပေးခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *