April 29, 2024

၁၆..၄.၂၀၂၄
Written By Thandar

အလှမယ်လောကထဲကတစ်ဆင့် ရွှေကြိုတစ်ယောက်အနေနဲ့ အနုပညာလောကထဲကို ရောက်ရှိလာတဲ့ သရုပ်ဆောင် ယွန်းဖြူစင်နွယ်ကတော့ အခုနှစ်သင်္ကြန်တွင်းကို နေ့စဉ်အလှူအတန်းတွေလုပ်ရင်း ဖြတ်သန်းဖြစ်တယ်လို့ MT Entertainment ကို ပြောပါတယ်။

သူမကတော့ ယမန်နေ့ ဧပြီ ၁၅ ရက် သင်္ကြန်အကြတ်နေ့မှာတော့ တာမွေ၊ မေတ္တာညွန့်ရပ်ကွက်၊ မင်းဒင်လမ်းမှာ မုန့်လက်ဆောင်း စတုဒိသာလှူဒါန်းခဲ့သလို ဒီနေ့မှာလည်း ကြာဆံဟင်းခါးဆက်လက်လှူဒါန်းခဲ့ပါတယ်။

သင်္ကြန်အကြိုနဲ့ သင်္ကြန်အကျနေ့တွေမှာ မုန့်လုံးရေပေါ် လှူဒါန်းခဲ့တယ်လို့ သိရသလို သင်္ကြန်မကျခင် ၅ ရက်လောက်အလိုထဲက တိုက်ကြီးက လမ်းခင်းလမ်းလုပ်သား ၅၀ ကို ပိတ်ရက်စားသောက်ဖို့ ဆန် ၊ ဆီ၊ ငရုတ်၊ ကြက်သွန် ၊ ပဲ ၊ အသားတု စတာတွေ လှူဒါန်းခဲ့တယ်လို့သိရပါတယ်။

“ငယ်ငယ်ကတော့ သင်္ကြန်ဆို မေမေက အချက်အပြုတ်ဝါသနာပါတော့ စားသောက်ဆိုင်လေးဖွင့်ထားတယ်လေ။ အဲ့တော့ ယွန်းကနှစ်တိုင်း စားပွဲထိုးပေးခဲ့တယ်။ ဒီနှစ်ကတော့ အိမ်မှာပဲ အလှူလုပ်ပြီး ဖြတ်သန်းဖြစ်ပါတယ်။ ယွန်းကတော့ ခုလို လှူဒါန်းရတဲ့ပီတိကတော့ ဘာနဲ့မှလဲမရပါဘူး။ မျက်ရည်ကျတဲ့အထိ ပီတိဖြစ်ရတယ်။ တချို့ဆို ပျော်လို့မျက်ရည်ပါကျတယ်။ တစ်နေ့လုပ်မှ နေ့စား ၇၀၀၀ ထောင်ရတဲ့သူတို့အတွက်တော့ အရမ်းပျော်နေတာပါ။ ဒီနှစ်သင်္ကြန်လေးမှာ အလှူလေးလုပ်ရင်းဖြတ်သန်းရတာပျော်ပါတယ်” လို့ သရုပ်ဆောင် ယွန်းဖြူစင်နွယ်ကပြောပါတယ်။

သရုပ်ဆောင် ယွန်းဖြူစင်နွယ်ကတော့ လက်ရှိ ဒါရိုက်တာကိုထက်ကြီး ရိုက်ကူးတဲ့ “ဒဏ် ” ဇာတ်ကားကို ဘုန်းမင်းနေလ ၊ ထူးခြား စတဲ့အနုပညာရှင်တွေနဲ့ ပါဝင် ရိုက်ကူးထားသူလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *