April 29, 2024

၁၆.၄.၂၀၂၄
Written By Thandar

နှစ်သစ်ကူးအလှူအနေနဲ့ ကွယ်လွန်သူဖခင် ဦးဝင်းသိန်းနိုင် အသက် ၅၉ နှစ်ကို ရည်စူးပြီး မင်းသမီး ဝတ်မှုန်ရွှေရည် မိသားစုက ရှင်သန်ရေးကူညီမှုအသင်းကို အလှူငွေကျပ် ၁၀ သိန်း လှူဒါန်းခဲ့ပါတယ်။

ဒါ့အပြင် နှစ်သစ်ကူးအလှူအနေနဲ့ ညီအစ်မဝမ်းကွဲဖြစ်သူ မင်းသမီးဖွေးဖွေးကလည်း ဦးလေးဖြစ်သူ ဦးဝင်းသိန်းနိုင်အတွက် ရည်စူးပြီးတော့ အလှူငွေ ကျပ် ၅ သိန်းကိုလည်း ရှင်သန်ရေးကူညီမှုအသင်းကို ပါဝင်လှူဒါန်းခဲ့တာလည်း ဖြစ်ပါတယ်။

“ကွယ်လွန်သူကလည်း ဒီလှူဒါန်းမှုကို ကိုယ်တိုင်ထပ်တူအကျိုးကို အလှူရှင်မိသားစုနဲ့အတူ အားလုံး ကိုယ်ကျန်းမာစိတ်ချမ်းသာ၍ နိဗ္ဗာန်ရောက်ကြောင်း အားကြီးသော အထောက်အပံ့ကောင်း ဖြစ်ပါစေ။ ကုသိုလ်”အမျှ အမျှ အမျှ” ယူတော်မူကြပါကုန်သော် ” လို့ ရှင်သန်ရေးကူညီမှုအသင်းရုံးချုပ်က ဆုမွန်ပို့သထားပါတယ်။

ဝတ်မှုန်ရွှေရည်တို့ မိသားစုနဲ့ ဖွေးဖွေးတို့မိသားစုတွေက ရှင်သန်ရေးကူညီမှုအသင်းကို နှစ်စဥ် သင်္ကြန်ကာလအတွင်း သံဃာဆွမ်းလောင်းခြင်း၊ သက်ကြီးပူဇော်ပွဲ၊ နေ့စဥ်စတုဒိသာနဲ့ သောက်သုံးရေလှူဒါန်းပေးမှုတွေအတွက် လှူပေးခဲ့တာလည်းဖြစ်ပါတယ်။ မင်းသမီး ဖွေးဖွေးရဲ့ ဖခင်ဖြစ်သူက‌လည်း လွန်ခဲ့တဲ့ တစ်နှစ်ကျော်က ကွယ်လွန်ခဲ့တာလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *