April 29, 2024

MT News
၁၆. ၄. ၂၀၂၄

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာတားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ချိန် ပိုင်ရှင်လာရောက်ထုတ်ယူခြင်းမရှိသည့် ကုန်သေတ္တာ ၁၇ လုံးအတွင်းမှ ကျပ်သိန်း ၇၀၀၀ ကျ်ော တန်ဖိုးရှိသွင်းကုန်များ မြန်မာ့စက်မှုဆိပ်ကမ်းတွင် ဖမ်းမိခဲ့သည်ဟု တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီမှ သိရသည်။

ဖမ်းဆီးမှုဖြစ်စဥ်များမှာ ဧပြီ ၁၂ ရက်တွင် မြန်မာ့စက်မှုဆိပ်ကမ်း၌ ကုန်သေတ္တာ ၁၇ လုံးအတွင်းမှ ပိုင်ရှင်မှ လာရောက် ထုတ်ယူခြင်း မရှိသည့် ဆော်ဒီအာရေဗျနိုင်ငံထုတ် Plastic Resin ၇၄၁၅၀ ကီလိုဂရမ်၊ အမေရိကန်နိုင်ငံထုတ် Plastic Resin ၄၉၅၀၀ ကီလိုဂရမ်၊ တရုတ်နိုင်ငံထုတ် PE Plastic Sheet ၃၄၀၈၀ ကီလိုဂရမ်၊ Linoleum ဖယောင်းပုဆိုး ၆၁၂၅၀ ကီလိုဂရမ်၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်း Light Steel Keel ၂၀၃၄၃ ဒသမ ၅ ကီလိုဂရမ်၊ Hui Tong Automatic Cutting Machine (Used) 1 Sew Preshrink Molding Machine တစ်လုံးနှင့် LED မီးသီးလုံး ၁၄၈၀၀၊ စင်ကာပူနိုင်ငံထုတ် Insecticide: For You Cole ပိုးသတ်ဆေးလုံး၂၀၀၀၀၊ တရုတ်(တိုင်ပေ)ထုတ် Mushrooms Meatball အသားလုံးမှို (Pork) ၁၈၅၄၀ ကီလိုဂရမ်နှင့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်း Mild Steel Shear Stud ၂၁၉၅၈ ဒသမ ၃၈ ကီလိုဂရမ်အပါအဝင် ကုန်ပစ္စည်းရှစ်မျိုး၊ စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၇၀၃၂၉၃၁၆၈ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက် လျက်ရှိသည်။

ထို့ပြင် ဧပြီ ၁၄ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ စစ်ကိုင်းမြို့ ရတနာပုံတံတား ပူးပေါင်းစစ်ဆေးရေးဂိတ်၌ လိုင်စင်မဲ့ Toyota Hijet မော်တော်ယာဉ်တစ်စီးနှင့် Nissan AD Van မော်တော်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၀၀၀၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန် ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိ သည်။

ထို့ပြင် ဧပြီ ၁၅ ရက်တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ပဲခူးခရိုင်၊ တောင်ငူ ခရိုင်၊ ပြည်ခရိုင်နှင့် သာယာဝတီခရိုင်တို့အတွင်း၌ တရားမဝင် ကျွန်းသစ် ၁၁ ဒသမ ၁၅၈ တန်၊ သစ်မာ ၁ ဒသမ ၁၂၂ တန်နှင့် အခြားသစ် ၂ ဒသမ ၃၀၆ တန် စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၇၀၃၁၄၅၃ ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်၍ ဧပြီ ၁၂ ရက်၊ ၁၄ ရက်နှင့် ၁၅ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ ၂၀ (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၂၂၃၂၄၆၂၁) ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင် ကော်မတီမှ သိရသည်။

ပုံစာ။ ယခင်ဖမ်းမိခဲ့သော တရားမဝင်ကုန်စည်များမြင်ကွင်း။

Leave a Reply

Your email address will not be published. Required fields are marked *