April 29, 2024

၁၆.၄.၂၀၂၄
Written by TZ

သင်္ကြန်အကြတ်နေ့တွင် မော်လမြိုင်မြို့၊ မြိုင်သာယာတိုးချဲ့ရပ်ကွက်၊ တိုးချဲ့ (၁) လမ်းရှိ နန်းဥယျာဥ် KTV တွင် မီးစက်နိုးရာမှ ဝါယာရှော့ခ်ဖြစ်၍ မီးလောင်ရာမှ KTV ခန်း ၂ ခန်းမီးလောင်ခဲ့သလို ငွေကျပ် ၁၂ သိန်းဖိုးခန့် ပျက်စီးဆုံးရှုံးသွားကြောင်း သိရသည်။

ထို မီးလောင်မှုဖြစ်စဥ်မှာ ဧပြီလ ၁၅ ရက် နေ့လည် ၂ နာရီကျော်တွင် ထို KTV ရှိ မန်နေဂျာမှ မီးစက်နိုးရာ မီးအားဆောင့်တက်၍ ဝါယာကြိုးအား ရှော့ခ်ဖြစ်ရာ KTV အခန်းနှစ်ခန်းမီးလောင်ဆုံးရှုံးသွားကြောင်း ဖြစ်စဥ်သို့ သွားရောက်မီးငြှိမ်းသတ်သည့် ဘိုဘိုဝင်းအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ထံမှ သိရသည်။

“မီးစက်နိုးတာ။ မီးတင်လိုက်တော့ ဗို့အားအရမ်းများလို့ ရှော့ခ်ဖြစ်ပြီးလောင်တာ။ KTV အခန်းထဲက လူတွေက ထွက်ပြေးလာတော့ ထိခိုက်မှုမရှိဘူး။ မီးလောင်လို့ဆုံးရှုံးတဲ့ အခန်းတန်ဖိုးက ငွေ ၁၂ သိန်းဖိုးလောက် ဆုံးရှုံးတယ် ” ဟု ဘိုဘိုဝင်းအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက MT News သို့ ဖြေကြားသည်။

မီးပေါ့ဆသူ မန်နေဂျာကို ( ပ) ၂၂/၂၀၂၄၊ ရာဇသတ်ကြီးပုဒ်မ -၂၈၅ ဖြင့် အမှုရေးဖွင့်ထားကြောင်း သိရသည်။

ဓာတ်ပုံ – ဘိုဘိုဝင်းအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့

Leave a Reply

Your email address will not be published. Required fields are marked *