April 29, 2024

၁၆.၄.၂၀၂၄
Translated by Htwe Ko Tun

အာရေဗျကျွန်းဆွယ်၏ အရှေ့ဘက်အစွန်ရှိ အိုမန်နိုင်ငံတွင် ဧပြီလ ၁၄ ရက်မှစတင်ကာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့်ရုတ်တရက်ရေလွှမ်းမိုးမှုဖြစ်ပွားကာ အနည်းဆုံးလူ ၁၇ ဦးအထိ သေဆုံးခဲ့ရကြောင်းနှင့် ကယ်ဆယ်ရေးအဖွဲ့ဝင်များက အသက်ရှင်နေနိုင်သူများကို လိုက်လံရှာဖွေနေကြောင်း အာဏာပိုင်များက ဧပြီလ ၁၅ ရက်တွင် ပြောခဲ့သည်။

ကျောင်းသားကျောင်းသူများ လိုက်ပါလာသော ကြိုပို့ကားတစ်စီးဆိုလျှင် ရေကြီးမှုအတွင်းမျောပါကာ ယာဉ်ပေါ်ပါသူအားလုံးအသက်ဆုံးရှုံးခဲ့ရသည်။ နိုင်ငံ၏ မြောက်အယ်လ်ရှာကွီယာပြည်နယ်က ရေလွှမ်းမိုးမှုကို အဆိုးးဝါးဆုံးခံခဲ့ရကြောင်းလည်း သိရသည်။

အိမ်နီးချင်းအာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံမှ ဒူဘိုင်းမြို့တွင်လည်း ဧပြီလ ၁၅ ရက်ညမှ ဧပြီလ ၁၆ ရက်နံနက်အထိ မိုးသည်းထန်စွာရွာနိုင်ကြောင်း ရာသီဥတုသတိပေးချက်ထုတ်ပြန်ထားသည်။ အာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံအတွင်း နိုင်ငံအစွန်အဖျား ကျေးလက်တောရွာများရှိကျောင်းများကို ဧပြီလ ၁၆ ရက်နှင့် ၁၇ ရက်တို့အထိ ပိတ်ထားကြောင်း ကြေညာခဲ့သည်။

အိုမန်နိုင်ငံ၏ အရှေ့မြောက်ပိုင်းနှင့် မြောက်ပိုင်းတို့တွင် နောက်ရက်အနည်းအထိ မိုးအသင့်အတင့် ဆက်လက်ရွာသွန်းနေမည်ဟုခန့်မှန်းထားသည်။

Ref- -CNA

Leave a Reply

Your email address will not be published. Required fields are marked *