April 29, 2024

၁၆.၄.၂၀၂၄
Written By Thandar

ရုပ်ရှင်နဲ့ ဗီဒီယို ဟာသသရုပ်ဆောင် လူရွှင်တော် ဝက်မဟာ အသက် ၅၉ နှစ်အရွယ် ဒီနေ့ သင်္ကြန်အတက် ဧပြီ ၁၆ ရက် မနက် ၆ နာရီခွဲအချိန် ထိုင်းနိုင်ငံမှာ ကျောက်ကပ်ရောဂါနဲ့ ကွယ်လွန်သွားတယ်လို့ သိရပါတယ်။

“ကိုဝက်မက ပြည်ပ ခေတ္တ ထိုင်းရောက်နေတာပေါ့နော်။ ဒီနေ့ မနက်ပိုင်းမှာဘဲ ကျောက်ကပ်ရောဂါနဲ့ ဆုံးသွားတာပါ။ ပြည်သူချစ်တဲ့သူ ဖြစ်သလို ကိုယ့်လောကသားတွေ ခုလိုဆုံးပါးသွားလို့ စိတ်မကောင်းဖြစ်ရပါတယ်။ သူနဲ့ အမှတ်တရအများကြီးပါပဲ။ စိတ်သဘောထား သိပ်ကောင်းတဲ့သူပါ။ ခုလိုဆုံးပါးသွားလို့ နှမြောတသ ဝမ်းနည်းရပါတယ်”လို့ လူရွှင်တော်တစ်ဦးက MT Entertainment ကို ပြောပါတယ်။

သူဟာဆိုရင် ယခင်ကတည်းက နှလုံးရောဂါ ၊ သွေးတိုးရောဂါအခံရှိပြီး ယခုအခါ ကျောက်ကပ်ရောဂါနဲ့ ဆုံးပါးသွားတာလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *