၂၂.၁၀.၂၀၂၆
Written By Thandar
ဆေးလိပ်နဲ့မီးခြစ်၊ စဉ်းစားပါ စတဲ့တေးသီချင်းတွေနဲ့ ပရိသတ်အားပေးမှု အခိုင်အမာရရှိထားတဲ့ တေးသံရှင် မေကတော့ လာမယ့် ဒီဇင်ဘာ ၆ ရက်မှာကျင်းပမယ့် “ထွက်ပေါက်” The First Solo Show လေးကို ကျင်းပမှာဖြစ်ရာ VIP, VVIP လက်မှတ်တွေကုန်တဲ့အထိအားပေးတဲ့ ပရိသတ်ကို ကျေးဇူးတင်ကြောင်းပြောလာပါတယ်။
“မေကတော့ ထွက်ပေါက် Solo Show လေးကို လာမယ့် ဒီဇင်ဘာလမှာ ကျင်းပမှာဖြစ်ပါတယ်။ မေ့ရဲ့ Ticket တွေရောင်းချခဲ့တာကို GA,VIP, VVIP ဆိုပြီး ရောင်းချခဲ့တာပါ။ မေလက်မှတ်တွေကို ရောင်းဖို့ တင်လိုက်တာကို တစ်နာရီခွဲအတွင်းကို လက်မှတ်တွေအကုန်လုံး ကုန်သွားတယ်။ ဒီအတွက်လည်း ပရိသတ်တွေကို ကျေးဇူးတင်ပါတယ်။ မေက တကယ်တော့ စိတ်အရမ်းကို ပူတတ်တဲ့သူပါ။ ပရိသတ်တွေ ဟိုလိုမှ လာပါမလား၊ ဒီလိုမှ လာပါ့မလားပေါ့။ တကယ်တော့ကို စိတ်ပူစရာ မရှိရလောက်အောင် လက်မှတ်တွေ ကုန်တဲ့အထိအားပေးလို့ ပရိသတ်တွေကို တကယ်ကျေးဇူးတင်ပါတယ်။ မေ ခုဆိုရင်တော့ ဖျော်ဖြေပွဲအတွက် အကောင်းဆုံးဖြစ်အောင် ကြိုးစား ပြင်ဆင်နေပါတယ်။ မေ့ကို လက်မှတ်ထပ်ရမလားမေးသူတွေကို ခုံတွေက ထပ်တိုးဖို့ နေရာအခက်အခဲကြောင့်ပါ။ GA Normal Ticket တွေကိုတော့ မေဆက်ရောင်းပေးနေပါတယ်။ မေသတ်မှတ်ထားတာ ပြည့်ရင်တော့ မေအရောင်းပိတ်တော့မှာပါ။ မေနဲ့ ဘယ်နေရာက ကြည့်ရှုအားပေးပေး အနီးကပ်ဆုံးမြင်တွေ့ရအောင် စီစဉ်ထားပါတယ်။ လာမယ့် ဒီဇင်ဘာ ၆ ရက်နေ့မှာ ပရိသတ်နဲ့တွေ့ပါတယ်။ မေ အခုကတော့ သီချင်းတွေကို အကောင်းဆုံးနဲ့ အများကြီး သီဆိုပြင်ဆင်နေပါတယ်။ ဖက်ရှင်တွေကိုလည်း အပေါ်နဲ့အောက် အပြိုင်ကျွေးဖို့ပြင်ဆင်နေပါတယ်”လို့ အဆိုတော် မေက ပြောပါတယ်။
အဆိုပါ ဖျော်ဖြေပွဲအတွက် GA , VIP နဲ့ VVIP ဆိုပြီး လက်မှတ်တွေကို သုံးမျိုးသတ်မှတ်ထားပြီး GA အတွက် Early Bird ကျပ် ၃၅၀၀၀၊ Early Bird လက်မှတ်တွေ sold out ဖြစ်ပြီးပါက Normal GA ကျပ် ၅၀၀၀၀ နဲ့ ဆက်လက်ဝယ်ယူနိုင်မှာဖြစ်ပါတယ်။ VIP, VVIP တွေက ကုန်သွားပြီးလို့ သိရပါတယ်။
မေရဲ့ ပထမဆုံး Solo Show ပွဲကို ရန်ကုန်မြို့ တာမွေမြို့နယ်ရှိ Hexagon Complex မှာ ဒီဇင်ဘာ ၆ ရက် ညနေ ၆ နာရီခွဲ ပွဲစတင်မှာဖြစ်ပြီး အတွဲဖျော်ဖြေသီဆိုမယ့်သူတွေကို မကြာခင်ကြေညာပေးမယ်လို့ သိရပါတယ်။
#မေ #ထွက်ပေါက် #TheFirstSoloShow #May #MyanmarSinger #ထွက်ပေါက်TheFirstSoloShow
#MTEntertainment
