၁၄.၁၀.၂၀၂၆
Written By Thandar
၁၀၆ ကြိမ်မြောက် မြန်မာ့ရုပ်ရှင်နေ့ အထိမ်းအမှတ်အဖြစ် နိဗ္ဗာန်ဈေး စတုဒီသာအလှူ၊ ပျော်ပွဲရွှင်ပွဲနဲ့ ကံစမ်းမဲဖွင့်ပွဲ အခမ်းအနားကြီးကို အောက်တိုဘာလ ၁၃ ရက် နံနက် ၉ နာရီက ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှာ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါတယ်။
“ဒီနေ့ စတုဒီသာ နိဗ္ဗာန်ဈေးမှာ အေးမြတ်သူက လူအယောက် ၂၅၀ စာလေး ကုသိုလ်ပြုပါတယ်။ ဖောင်းစိန်စားသောက်ကုန်ကို ကိုယ်တိုင်ကြိုက်လို့ လှူဖြစ်တာပါ။ အလှူငါးခြောက်ချက်လေးပါ။ ပြီးတော့ ကံစမ်းမဲ ဗလာမ ပါတွေ ဖောက်ပေးဖို့ စီစဉ်ထားပါတယ်။ ငယ်ငယ်ကဆိုရင် အေးမြတ်သူ ကိုယ်တိုင်လည်း ခုလို နိဗ္ဗာန်ဈေးကို လည်ပတ်ပြီးစားသောက်တယ်။ တိုကင်တွေ လုတယ်။ တိုကင်တွေကို ကိုယ်လိုချင်တာနဲ့ ကိုက်မကိုက် လိုက်ကြည့်သေးတာ။ ကြိုက်တာတွေ့ရင် တန်းစီတိုးရတာ သဘောကျတာမို့ ဒီလိုလှူဒါန်းရတာ အရမ်းကိုပျော်ရပါ တယ်”လို့ အကယ်ဒမီ အေးမြတ်သူက ပြောပါတယ်။
အဆိုပါ အခမ်းအနားကို မြန်မာ့ရုပ်ရှင်လောက အနုပညာရှင်တွေဖြစ်တဲ့ ရန်အောင်၊ ခန့်စည်သူ၊ ခင်လှိုင်၊ အောင်ရေချမ်း၊ မင်းသန့်မောင်မောင်၊ ဒါရိုက်တာ မင်းဆက်သစ်၊ ဇော်ရှိုင်းထက်၊ လင်းဇာနည်ဇော်၊ လှမျိုးသဥ္ဇာနွယ်၊ အေးမြတ်သူ၊ မျိုးမျိုးခိုင်၊ အေဏီဇော်၊ မေမြင့်မိုရ်၊ ထွန်းပုလဲရတနာ၊ မမဆောင်း၊ ချိုမဒီသွင်၊ မြယာ၊ မြတ်သစ္စာ စသူတွေနဲ့ ထုတ်လုပ်ရေးပိုင်းတွေက တာဝန်ရှိသူတွေ တက်ရောက်ခဲ့သလို ရုပ်ရှင်လောကသားတွေနဲ့ ဧည့်ပရိသတ်တွေ တက်ရောက်ခဲ့ကြပါတယ်။ မြန်မာ့ရုပ်ရှင်လောကရဲ့ အစဉ်အလာနဲ့ သမိုင်းကြောင်းကို ဂုဏ်ပြုကာအထိမ်းအမှတ် အစီအစဉ်တွေကို ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့ကြပါတယ်။
ဒါ့ပြင် မြန်မာ့ရုပ်ရှင်နေ့ အထိမ်းအမှတ် နိဗ္ဗာန်ဈေးစတုဒီသာအလှူနဲ့ ဗလာမပါကံစမ်းမဲတွေကို ရုပ်ရှင် လောကသားတွေက မဲနှိုက်ပြီးလက်ဆောင်တွေ ထုတ်ယူကာ ပျော်ရွှင်နေခဲ့ကြပါတယ်။
#ခင်လှိုင် #အေးမြတ်သူ #ခန့်စည်သူ #KhinHlaing #AyeMyatThu #KhantSiThu #မြန်မာ့ရုပ်ရှင်အစည်းအရုံး #၁၀၆ကြိမ်မြောက်မြန်မာ့ရုပ်ရှင်နေ့ #MyanmarMotionPicture #၁၀၆ကြိမ်မြောက်မြန်မာ့ရုပ်ရှင်နေ့အထိမ်းအမှတ်
