၁၂.၁၀.၂၀၂၆
Written By Thandar
ထိုင်းနိုင်ငံမှာ အိမ်ရှင်အနေနဲ့ကျင်းပတဲ့ Miss Global 2026 ပြိုင်ပွဲကြီးမှာ မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် ဝင်ရောက်ယှဥ်ပြိုင်ခဲ့တဲ့ အလှမယ် ကျော်ကျော်အိန္ဒြာက Miss Global 2026 ရဲ့ 4th Runner Up ဆုကို ဆွတ်ခူးရရှိခဲ့ပါတယ်။
အဆိုပါ ပြိုင်ပွဲကို စက်တင်ဘာ ၂၈ ရက်က ထိုင်းနိုင်ငံကို ထွက်ခွာခဲ့ပြီး နိုင်ငံ ၇၂ နိုင်ငံက အလှမယ်တွေနဲ့အတူ မြန်မာကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
စက်တင်ဘာ ၁၁ ရက် Grand Final မှာတော့ သူမက ပြိုင်ပွဲရဲ့ အဆင့်ဆင့်ကို တက်လှမ်းခဲ့တာဖြစ်ပြီး Special Awards များဖြစ်တဲ့ Best Video Introduction Award နဲ့ Best Evening Gown၊ Best Icon Title (3) ဆုအပြင် Miss Global 2026 ရဲ့ 4th Runner Up ဆုကို ဆွတ်ခူးရရှိခဲ့တာဖြစ်ပါတယ်။
နိုင်ငံတကာအလှမယ်ပြိုင်ပွဲကြီးမှာ မြန်မာနိုင်ငံကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ ကျော်ကျော်အိန္ဒြာက 4th Runner Up ဆုကိုရရှိခဲ့တာကြောင့် မြန်မာနိုင်ငံအတွက် ဂုဏ်ယူဖွယ်ရာ အောင်မြင်မှုတစ်ခု ဖြစ်လာခဲ့ပါတယ်။
#ကျော်ကျော်အိန္ဒြာ #KyawKyawEaindra #MissGlobal2026 #4thRunnerUpဆု #SpecialAwards #MissGlobal20264thRunnerUp #MissGlobalMyanmar2026 #MissGlobalMyanma
