၁၀.၁၀.၂၀၂၆
Written By Thandar
ချစ်သူစုံတွဲတွေအဖို့ ချစ်ခြင်းမေတ္တာနဲ့ ထာဝရခရီးအတွက် အလှပဆုံးကျင်းပနိုင်မယ့် Inya Lake Hotel × KS Collection Wedding Planner နဲ့ Together Wedding Studio တို့ ပူးပေါင်းကျင်းပမယ့် Circle Of Eternity Inya Lake Wedding Fair 2026 ပွဲကို လာမယ့် အောက်တိုဘာ ၁၇ ရက်နဲ့ ၁၈ ရက်တို့မှာ ရန်ကုန်မြို့ Inya Lake Hotel မှာ စည်ကားသိုက်မြိုက်စွာ ကျင်းပမှာဖြစ်ပါတယ်။
အဆိုပါ အခမ်းအနားနဲ့ Promotion တွေရရှိမယ့်အကြောင်း စာနယ်ဇင်း မိတ်ဆက်ပွဲကို အောက်တိုဘာ ၉ ရက် မွန်းတည့် ၁၂ နာရီက ရန်ကုန်မြို့ Inya Lake Hotel မှာ ကျင်းပခဲ့ရာ KS Collection Wedding Planner ရဲ့ Founder ဒေါ်ဝင်းမြတ်မိုး@အန်တီငယ်နဲ့အတူ Inya Lake Hotel က တာဝန်ရှိသူတွေ၊ Wedding Fair မှာ ပါဝင်ကြမယ့်တာဝန်ရှိသူတွေနဲ့ အလှမယ်မြတ်ရတနာစိုး၊ ဇာတ်မင်းသားချမ်းညီညီ၊ သရုပ်ဆောင် ထိန်ထိန်သာ စတဲ့ အနုပညာရှင်များစွာ တက်ရောက်ခဲ့ကြပါတယ်။
“Circle Of Eternity ဆိုတဲ့အတိုင်းပဲ အင်းလျားလိတ်ရဲ့ တည်ဆောက်ထားပုံကတော့ ထာဝရစက်ဝန်းလေး တစ်ခုလို့ပါပဲ။ ကျွန်တော်တို့အကုန်လုံး ရင်းနှီးကြတဲ့ အင်းလျားလိတ်ဟာဆိုရင် ပွင့်ပွင့်လင်းလင်းပြောရရင် ကျွန်တော်တိုရဲ့ မိဘတွေ လက်ထက်ကတည်းက တကယ်ကို သမိုင်းကြောင်းအစဉ်အလာ ကြီးမားခဲ့တဲ့နေရာလည်းဖြစ်ပါတယ်။ သူ့ရဲ့ Ballroom ကို ကြည့်လိုက်ရင်လည်းအထဲမှာ တကယ်ကို လှပတဲ့ ကျွန်တော်တို့ Circle Structure လေးတွေ ကျွန်တော်တို တွေ့ရတယ်။ ဘယ်လိုမျိုး အမိုက်စား Decoration တွေ KS Collection Wedding Planner ပြင်ဆင်သွားမလဲဆိုတာ ပွဲကြီးနေ့မှာ ရင်သပ်ရှုမောဖွယ်တွေ့ရမှာဖြစ်လို့ ပွဲနေ့ကြည့်ရှုပြီး Promotion တွေရရှိဖို့အတွက် လာရောက်ဖို့ဖိတ်ခေါ်ချင်ပါတယ်”လို့ KS Collection Wedding Planner ရဲ့ Founder ဒေါ်ဝင်းမြတ်မိုး@အန်တီငယ်ကပြောပါတယ်။
အင်းလျားလိတ်ဟိုတယ်ဟာ ရန်ကုန်မြို့ရဲ့ သမိုင်းဝင်အမှတ်တရတွေနဲ့ မင်္ဂလာအခိုက်အတန့်တွေကို ဖန်တီးပေးတဲ့နေရာဖြစ်တဲ့အလျောက် Circle Of Eternity ပြပွဲမှာတော့ အစဉ်အလာတွေနဲ့ အတူခေတ်မီဆန်းသစ်တဲ့ စိတ်ကူးသစ်တွေ (Modern Ideas And Trends) ကို ပေါင်းစပ်ချပြမှာဖြစ်ပါတယ်။ ဒါ့ပြင် မင်္ဂလာစုံတွဲတွေအတွက် လိုအပ်တာတွေကို တစ်နေရာတည်းမှာရရှိနိုင်စေမယ့် အစီအစဉ်တွေအပြင် မင်္ဂလာစုံတွဲတွေအတွက် GIA စိန်လက်စွပ်ကံစမ်းနိုင်မယ့် ကံစမ်းမဲအစီအစဉ်တွေလည်း ပါဝင်မှာဖြစ်တယ်လို့ သိရပါတယ်။
#ချမ်းညီညီ #မြတ်ရတနာစိုး #ထိန်ထိန်သာ #ChanNyiNyi #MyatYadanarSoe #HteinHteinThar #WinMyatMoe #MyanmarCele #KSCollectionWeddingPlanner #InyaLake #CircleOfEternityInyaLakeWeddingFair2026
