၂၂.၁၀.၂၀၂၆
Written By Thandar
Alpha Picture Film Production က ဖြစ်ရပ်မှန်အခြေခံထားတဲ့ ဟဲဗီးဒရာမာဇာတ်လမ်းပုံစံ “လွှာလှပ်လွင့်ဝါ” ရုပ်ရှင်ဇာတ်ကားကြီး Premiere Show ပွဲအခမ်းအနားကို အောက်တိုဘာ ၂၁ ရက် ညနေပိုင်းက ရန်ကုန်မြို့ ဒဂုံမြို့ နယ်ရှိ သမ္မတရုပ်ရှင်ရုံမှာ ကျင်းပခဲ့ပါတယ်။
“ဒီ လွှာလှပ်လွင့်ဝါက ၁၉၇၀ လောက်က ကျေးလက်ဒေသတစ်ခုမှာ ဖြစ်သွားတဲ့ ဖြစ်ရပ်မှန်တစ်ခုလည်း ဖြစ်တယ်။ ပက်စီရယ်၊ ကိုယ်ရယ် မတည့်ကြဘူးပေါ့။ ရန်တွေလည်းဖြစ်ရတာပေါ့နော်။ ကိုမြင့်မြတ်ဇာတ်ကောင် ကိုသာစိန်ကို တချို့စကားလုံးတွေ ပြောရတာရှိတာပေါ့။ ကျေးလက်ဘက်က အရင်ကဆိုရင် ပွင့်ပွင့်လင်းလင်းကြီးတွေပြောတတ်တာဆိုတော့လေ အဲလိုစကားလုံးတွေရောပါဝာာပေါ့။ တကယ့်ကို ပုဂံနေပူပူမှာ အကုန်ကြိုးစားရိုက်ကူးခဲ့ကြတဲ့ ကားလေးပါ” လို့ အကယ်ဒမီစိုးပြည့်သဇင်က ပြောပါတယ်။
“လွှာလှပ်လွင့်ဝါ” ဟာ လူထုဦးလှရဲ့ စာပေအယူအဆကို အခြေခံပြီး စာရေးဆရာ မိုးသက်အောင် (မြန်မာစာ) ရေးသားထားတဲ့ ဝတ္ထုကို ဒါရိုက်တာ ပီပီအဏ် (PPN) က ၁၉၇၀ ပြည့်လွန်နှစ်က ပုဂံဘက်မှာ ဘဝသရုပ်ဖော်မိသားစု ဟဲဗီးဒရာမာဇာတ်လမ်းလည်းဖြစ်ပါတယ်။
သရုပ်ဆောင်တွေအနေနဲ့ မြင့်မြတ်၊ စိုးပြည့်သဇင်၊ ရဲလွင်ဦး၊ ယမုံမြင့်မြတ်၊ ပက်စီစိုး၊ မော်ကွန်း၊ အောင်ခိုင်၊ ဘဂျမ်း၊ ဝါဝါအောင်၊ အိမ့်ကြာဖြူ၊ အေဏီဇော် စတဲ့ အနုပညာရှင်တွေပါဝင်ထားကြပါတယ်။
“လွှာလှပ်လွင့်ဝါ” ရုပ်ရှင်ဇာတ်ကားကြီးကို မနက်ဖြန် အောက်တိုဘာလ ၂၃ ရက်နေ့မှာ မြန်မာတစ်ပြည်လုံးရှိ အဆင့်မြင့်ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသမှာဖြစ်ပါတယ်။
#DirectorPPN #ဒါရိုက်တာပီပီအဏ် #MyintMyat #SoePyaeThazin #YamoneMyintMyat #PepsiSoe #YeLwinOo #MawKun #AungKhine #WahWahAung #ANeZaw #EaintKyarPhyu #လွှာလှပ်လွင့်ဝါ #ဖြစ်ရပ်မှန်ရုပ်ရှင်ဇာတ်ကားကြီး #FamilyDrama #Drama #AlphaPictureFilmProduction #MTEntertainment







