၁၅.၁၀.၂၀၂၆
Written By Thandar
Phoe Wa Production က Drama Horror ဇာတ်လမ်းပုံစံ “Blind Box – ဘလိုင်းဘောက်”ရုပ်ရှင်ဇာတ်ကားကြီးကို လာမယ့် အောက်တိုဘာ ၁၆ ရက်မှာ ရုံတင်ပြသဖို့ စီစဉ်ထားပေးမယ့် အကြောင်းကြောင်းကြောင့် ရုံတင်ပြသခွင့် ရွှေ့ဆိုင်းထားရတယ်လို့ သိရပါတယ်။
“အောက်တိုဘာ ၁၆ ရက်နေ့တွင် ရုံတင်ပြသဖို့ စီစဉ်ထားရှိတဲ့ “Blind Box” ရုပ်ရှင်ဇာတ်ကားကြီးကို မမျှော်လင့်ဘဲ ကြုံတွေ့ရတဲ့ အခက်အခဲအချိုကြောင့် ရုံတင်ပြသမယ့်ရက်ကို ရက်ရွှေ့ဆိုင်းလိုက်ရပါတယ်။ ရုံတင်ရက်ကိုတော့ ကျွန်တော်တို့ဘက်က ပြန်လည် အသိပေးမှာပါ။ ရုံတင်ခါနီးမှာ အခက်အခဲလေးရှိတာကြောင့်မို့ စိတ်မကောင်းပါဘူးဗျာ။ ရင်ခုန်မျှော်လင့်ချက်တွေနဲ့ စောင့်မျှော်ကြည့်ရှုဖို့ အားခဲထားကြတဲ့”Blind Box” ပရိသတ်ကြီး အားလုံးကိုလည်း ရင်ထဲကနေ လှိုက်လှိုက်လှဲလှဲ အားနာမိပါတယ်။ ဒီအတွက်ကြောင့် ရိုသေစွာလည်း အနူးအညွတ် တောင်းပန်အပ်ပါတယ်”လို့ ရုပ်ရှင်ဇာတ်ကားကြီးရဲ့ တာဝန်ရှိသူတစ်ဦးက MT Entertainment ကို ပြောပါတယ်။
အဆိုပါ ဇာတ်ကားကို ဇာတ်လမ်း၊ ဇာတ်ညွှန်းနဲ့ ဒါရိုက်တာ ဒီဒီထက်အောင်က မေတ္တာတရားနဲ့ သံယောဇဉ်ကြားမှာ စိတ္တဇဆန်ဆန် တုန်လှုပ်ခြောက်လှန့်မှုတွေနဲ့ ဒရာမာ Horror ဇာတ်လမ်းပုံစံ ဖန်တီးရိုက်ကူးထားတာလည်း ဖြစ်ပါတယ်။ သရုပ်ဆောင်တွေဖြစ်တဲ့ အကယ်ဒမီနေဝင်း၊ ပိုးမမှီသာ၊ အကယ်ဒမီမင်းဦး၊ အကယ်ဒမီချောရတနာ၊ ဗညားဘုန်းပြည့်၊ ဆုထက်၊ ချိုမဒီသွင်၊ သားချော စတဲ့ အနုပညာရှင်တွေ ပါဝင်ထားကြပါတယ်။
“Blind Box – ဘလိုင်းဘောက်” ရုပ်ရှင်ဇာတ်ကားကြီးကို ရုံတင်ပြသမယ့် ရက်ကိုလည်း ပြန်လည်အသိပေးကြေညာသွားမယ်လို့ သိရပါတယ်။
#AcademyNayWin #PoeMamheThar #academyminoo #AcademyChawYadanar #BanyarBhonePyae #SuHtet #chomaditwin #TharChaw #BlindBox #ဘလိုင်းဘောက် #ရပ်ရှင်ဇာတ်ကားကြီး #အထူးမေတ္တာရပ်ခံပန်ကြားချက် #MTEntertainment
