သက်တံ့
၂၂. ၁၀. ၂၀၂၆
EV ကား အားသွင်းသွားစဥ် ကားနှင့်အတူ ပျောက်ဆုံးသွားသည့် အမျိုးသမီးကို ဝိုင်းဝန်းရှာဖွေ ကူညီပေးကြပါရန် မိသားစုဝင်များက မေတ္တာရပ်ခံထားသည်။
ပျောက်ဆုံးနေသူမှာ အသက် ၃၄ နှစ်အရွယ် မနှင်းလဲ့လဲ့ပိုင် ခေါ် Ma Yuki ဖြစ်ပြီး ပျောက်ဆုံးမှုဖြစ်စဥ်မှာ ယမန်နေ့ အောက်တိုဘာ ၂၁ ရက် ညနေ ၆ နာရီခွဲခန့်အချိန်က မြန်မာပလာဇာအနီးရှိ MG EV Charging Station သို့ ကားအားသွင်းရန် သွားရောက်စဥ် ကားရောလူပါ ပျောက်ဆုံးသွားခြင်းဖြစ်ပြီး ယနေ့အချိန်အထိ အဆက်အသွယ်မရသေးကြောင်းလည်း သိရသည်။

မနှင်းလဲ့လဲ့ပိုင်နှင့်အတူ Dongfang Nammi EV အမျိုးအစား ယာဉ်အမှတ် HH -4713 ပါ ပျောက်ဆုံးနေသဖြင့် အဆိုပါယာဥ်နှင့် အမျိုးသမီးအား တွေ့ရှိခြင်း သို့မဟုတ် သတင်းတစ်စုံတစ်ရာ သိရှိပါက ဖုန်းနံပါတ် 09-254065870 နှင့် 09-972429048 သို့ ဆက်သွယ်သတင်းပေးပါရန်လည်း မိသားစုဝင်များက စိုးရိမ်ပူပန်စွာ မေတ္တာရပ်ခံထားသည်။
နောက်ဆုံးရရှိသည့် သတင်းများအရ အဆိုပါနေရာသို့ လူ (၃) ယောက်ပါသည့် ကားတစ်စီးဖြင့် မနှင်းအိအိပိုင်ကို လာရောက်ခေါ်ဆောင်သွားခဲ့ခြင်းဖြစ်ပြီး EV ကားကိုပါ အဆိုပါအဖွဲ့မှ လူများက မောင်းနှင်သွားခဲ့သည်ဟုဆိုကာ မနှင်းလဲ့လဲ့ပိုင်ကိုလည်း ၎င်းတို့၏ကားပေါ်သို့ တင်ဆောင်ခေါ်သွားခဲ့ကြောင်းနှင့် လက်ရှိတွင် CCTV မှတ်တမ်းများကို လိုက်လံစစ်ဆေးရန် ကြိုးစားနေဆဲဖြစ်ကြောင်း သိရသည်။
မနှင်းလဲ့လဲ့ပိုင်သည် YP Education Founder နှင့် Happy Hour Travel ၏ ပိုင်ရှင်ဖြစ်သလို Rotary Club ၏ President အဖြစ်လည်း ၂၀၂၅ ခုနှစ်တွင် တာဝန်ယူခဲ့ကာ ယခုကဲ့သို့ပျောက်ဆုံးနေမှုအပေါ် မိသားစုဝင်များ အလွန်စိုးရိမ်နေသဖြင့် ကူညီရှာဖွေပေးကြပါရန်လည်း YP Education က လွန်ခဲ့သည့်နာရီဝက်က ထပ်မံအကူအညီတောင်းခံထားသည်။



