April 29, 2024

Photo Tha Doe
၁၆. ၄. ၂၀၂၄

မဟာသင်္ကြန်ရက်မြတ်ရဲ့ နောက်ဆုံးအတက်နေ့သင်္ကြန်မနက်ဟာ ပြည်သူ့ရင်ပြင်လို လူသိန်းချီဆံ့တဲ့နေရာတစ်ခုမှာ တိုးလို့မပေါက်အောင် ကြိတ်ကြိတ်တိုးစည်ကားနေပါတယ်။

ကိုဗစ်နဲ့ နိုင်ငံရေးပဋိပက္ခကြားမှာ ဓားစာခံဖြစ်ခဲ့ရတဲ့ ရိုးရာသင်္ကြန်ဟာ ထိုင်းက ပုံစံတူလိုက်ကူးချနေရင်းကို ဆွန်ခရန်ဟာ ကမ္ဘာ့အမွေအနှစ်ဖြစ်သွားခဲ့လို ဒီနှစ်ဆို ကိုဗစ်ကြောင့်ကျဆင်းခဲ့တဲ့ ခရီးသွားကို ဆွန်ခရန်သင်္ကြန်နဲ့ ပြန်မြှင့်တင်ဖို့လုပ်ဆောင်နေချိန်မှာ မြန်မာ့ရိုးရာမဟာသင်္ကြန်ကတော့ တိုက်ခိုက်ဖျက်ဆီး ဗုံးခွဲခံနေရတာ စိတ်မကောင်းစရာပါ။

ဒီလိုမျိုး တိုက်ခိုက်ဖျက်ဆီးပြီး ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအရ တစ်နှစ်ကိုတစ်ကြိမ်ပဲပျော်ရတာကိုပါ ခြိမ်းခြောက်ဗုံးခွဲနေတဲ့ကြားက စည်ကားလှတဲ့ပြည်သူ့ရင်ပြင်ကမြင်ကွင်းဟာ နောင်နှစ် နောင်နှစ်တွေမှာ အရင်လို ပြည်သူတိုင်းပျော်ရတဲ့ မြန်မာ့ရိုးရာမဟာသင်္ကြန်ကို ပြန်မြင်ရဖို့ အစပြုတာဖြစ်ပါစေလို့သာ…..။

Leave a Reply

Your email address will not be published. Required fields are marked *