April 29, 2024

၁၅.၄.၂၀၂၄
Written By Thandar

ယနေ့ ဧပြီ ၁၅ ရက် မြန်မာသင်္ကြန်အကြတ်နေ့ ညနေပိုင်းမှာတော့ ရန်ကုန်မြို့ မင်္ဂလာတောင်ညွှန့်မြို့နယ်တွေဖြစ်တဲ့ တောင်လုံးပြန်ရပ်ကွက်နဲ့ ရေကျော်ရပ်ကွက် အပြင် သာကေတမြို့နယ် ဒေါပုံရပ်ကွက်တွေမှာ သင်္ကြန်ရဲ့ အေးမြခြင်း အနှစ်သာရကို ဖော်ဆောင် ပျော်မြူးနေကြပါတယ်။

လူကြီး ၊ လူငယ်အရွယ်တင်မကဘဲ ကလေးသူငယ်လေးတွေကတော့ မိမိရပ်ကွက်အလိုက် အုန်းလက်မဏ္ဍပ်တွေ
ထိုးပြီး ရေဆော့ကစားကြခြင်း ၊ မိုးကာဖျင်တွေကို ဝါးလုံးနဲ့ထိုးပြီး ရေကန်လေးပြုလုပ်ကာ ရေဆော့ကစားကြခြင်း ၊ လေအိတ်ရေကန်တွေနဲ့ ရေအပြည့်ထည့် ရေကို ပျော်ရွှင်စွာ ဆော့ကစားနေကြပါတယ်။

ဒါ့ပြင် အအေး ၊ ဖျော်‌ရည် ၊ သာကူကြိုတွေကိုလည်း မဏ္ဍပ်နဲ့ ရပ်ကွက်အလိုက် ပေးဝေလှူဒါန်းနေကြတာလည်း ချစ်စရာကောင်းတဲ့ မြန်မာဓလေ့လည်း ဖြစ်ပါတယ်။

အတာသင်္ကြန်ကာလမှာ ပျော်ရွှင်အေးချမ်းမှုတွေကို အမျိုးမျိုးရွေးချယ်ပြီး ဆော့ကစားကြသလို မျက်နှာပေါ် အိုးမဲ သုတ် ဆော့ကစားကြတာလည်း ရှိနေပါသေးတယ်။ တချို့ လူငယ်တွေကတော့ ကားတွေ သင်္ကြန်ကိုလျှောက်လည်ကြသလို တချို့က ဘေးတွဲ ဆိုင်ကယ်တွေနဲ့ အုန်းလက်တွေ ကပ်ချီပြီး ရေပက်ခံထွက်လည်နေကြပြီး လမ်းလျှောက်လည်ပတ်ကြသူလည်း ရှိကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *