၃၀.၁၀.၂၀၂၆
Written By Thandar
မြန်မာ့ရိုးရာအနုပညာနဲ့ သဘင်အနုပညာကို ပိုမိုထင်ရှားစွာဖော်ထုတ်ပေးနိုင်ဖို့အတွက် မြန်မာ့သဘင်ကြီးလေးကြီးဖျော်ဖြေပွဲကို မနက်ဖြန် အောက်တိုဘာ ၃၁ ရက်နဲ့ နိုဝင်ဘာ ၁ ရက်တို့မှာ ပြင်ဦးလွင်ရှိ အမျိုးသားအထိမ်းအမှတ်ဥယျာဉ်မှာ စည်ကားသိုက်မြိုက်စွာ ကျင်းပမှာဖြစ်ပါတယ်။
“ဦးတို့အနေနဲ့က ကြီးလေးကြီးဆိုတဲ့အတိုင်းပေါ့ …ပရိသတ်တွေက ချစ်စနိုးနဲ့ခေါ်ဝေါ်ကြတဲ့ နာမည်တွေကို ခေါင်းစဉ်လေး တည်ဖြစ်တာပါ။ အလင်္ကာကျော်စွာ ရွှေမန်းတင်မောင်သုံးနှုန်းတဲ့ စကားအတိုင်းဆိုရင် တီးရုံလောက်မျှ၊ ဆိုရုံလောက်မျှ သဘောမျိုးမဟုတ်ဘဲနဲ့ ရည်ရွယ်ချက်အနှစ်သာရ ဒီတစ်ခါ ဘာတွေ ထပ်သယ်ဆောင်နိုင်မလဲဆိုတာ တွေရမှာပါ”လို့ မန္တလေးသိန်းဇော်က ပြောပါတယ်။
အဆိုပါ ဖျော်ဖြေပွဲမှာ မြန်မာ့သဘင်လောကရဲ့ ဂန္ထဝင်မင်းသားကြီးလေးဦးဖြစ်တဲ့ နန်းကြီး (ခ) နန်းဝင်း (နန်းသဘင်)၊ ချမ်းကြီး (ခ) ချမ်းသာ (ရွှေမန်းချမ်းသာ)၊ မိုးကြီး (ခ) မိုးဝင်း (စံပြသဘင်)၊ ဇော်ကြီး (ခ) သိန်းဇော် (ဇာတ်မင်းသားလေး သိန်းဇော်)၊ တင်မောင်ဆန်းမင်းဝင်း၊ မင်းသမီးကြီး နန်းခင်မွှေးတို့နဲ့ မျိုးဆက်သစ် သဘင်ဂီတအနုပညာရှင်တွေက ခမ်းခမ်းနားနားဖျော်ဖြေတင်ဆက်သွားမှာဖြစ်ပါတယ်။
ဖျော်ဖြေပွဲလက်မှတ်ဈေးနှုန်းတွေကို Zone A ကျပ် ၁၅၀,၀၀၀၊ Zone B ကျပ် ၁၀၀,၀၀၀၊ Zone C ကျပ် ၇၀,၀၀၀ သတ်မှတ်ထားပြီး AYA Pay ကတစ်ဆင့် ဝယ်ယူနိုင်တာလည်းဖြစ်ပါတယ်။
#ဦးငြိမ်းမင်း #နန်းကြီး #နန်းဝင်း #ချမ်းကြီး #ချမ်းသာ #ဇော်ကြီး #သိန်းဇော် #တင်မောင်ဆန်းမင်းဝင်း #NyeinMin #NanWin #ChanThar #TheinZaw #TinMaungSanMinWin #ကြီးလေးကြီး #MTEntertainment

