


၃၁.၁၀.၂၀၂၆
Translated by Htwe Ko Tun
အိန္ဒိယနိုင်ငံ၊ဟိမဝန္တာဒေသရှိ ဥတ္တရာခန်ပြည်နယ်တွင် အောက်တိုဘာလ ၃၀ ရက်က ရဟတ်ယာဉ်တစ်စင်းပျက်ကျခဲ့ရာ လူ ၆ ဦး သေဆုံးဖွယ်ရှိကြောင်း ရုပ်သံလိုင်းများက ဖော်ပြခဲ့ကြသည်။ ပျက်ကျရသည့်အကြောင်းရင်းမှာ ရာသီဥတုဆိုးရွားခြင်းကြောင့် ဖြစ်နိုင်သည်ဟု ယူဆရသည်။
အဆိုပါရဟတ်ယာဉ်သည် တောင်တန်းဒေသတွင် တည်ရှိပြီး ဟိန္ဒူဘာသာဝင်များအတွက် ထင်ရှားသော ဘုရားဖူးနေရာတစ်ခုဖြစ်သည့် ဘတ်ဒြီနတ်မြို့မှ ဒေရာဒွန်မြို့သို့ ပျံသန်းလာခြင်းဖြစ်ပြီး၊ ၎င်းတွင် ခရီးသည် ငါးဦးနှင့် လေယာဉ်မှူး တစ်ဦး လိုက်ပါသွားကြောင်း ANI သတင်းဌာနက ဖော်ပြသည်။
ဥတ္တရာခန် ပြည်နယ် ဝန်ကြီးချုပ်ပွတ်ရှ်ကာ ဆင်း ဒါမီ က ပြည်နယ်အတွင်း ဂျိုရှီမတ် ဒေသရှိ ရွာတစ်ရွာအနီးတွင် ရဟတ်ယာဉ်တစ်စင်း ပျက်ကျကြောင်း သတင်းရရှိထားသည်ဟု ပြောကြားခဲ့သည်။
ခရိုင်အုပ်ချုပ်ရေးအဖွဲ့၊ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးအဖွဲ့များနှင့် ဒေသတွင်းရှိ တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်လျက်ရှိကြောင်း ဝန်ကြီးချုပ် ဒါမီက X လူမှုကွန်ရက်တွင် ရေးသားဖော်ပြထားသည်။
ကယ်ဆယ်ရေးအဖွဲ့များသည် ပျက်ကျရာနေရာသို့ အလျင်အမြန် ရောက်ရှိသွားကြပြီး၊ ထိုနေရာတွင် မီးတောက်များနှင့် မီးခိုးများ မြင်တွေ့နေရကြောင်း ရုပ်သံလိုင်းများက သတင်းပေးပို့ကြသည်။
Ref: Reuters
