April 29, 2024

၁၆. ၄. ၂၀၂၄
Writer & Photo Tha Doe

နှစ်တိုင်းလိုမဟုတ်ဘဲ ပြည်သူအများ ပျော်ရွှင်စွာ ပူးပေါင်းပါဝင်ခဲ့တဲ့ ရန်ကုန်မြို့တော်ခန်းမက မြို့တော်ဝန်သင်္ကြန်နဲ့ လမ်းလျှောက်သင်္ကြန်အခမ်းအနားဟာ အေးချမ်းအောင်မြင်စွာ ပိတ်သိမ်းခဲ့ပြီဖြစ်ပါတယ်။

မဟာသင်္ကြန်မစခင် မြို့တော်ဝန်မဏ္ဍပ်တည်ဆောက်စဥ်မှာ PDF နှစ်ဦးက ချိန်ကိုက်မိုင်းထောင်ခဲ့ပေမဲ့ လာရောက်ရေကစားတဲ့ပြည်သူတွေဘေးကင်းဖို့ လုံခြုံရေးအထူးတင်းကျပ်ခဲ့တာကြောင့်လည်း ဘေးကင်း အေးချမ်းခဲ့တာပါ။

ပိတ်ပွဲအခမ်းအနားမှာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးစိုးသိန်းက ပြည်သူတွေပျော်ရွှင်စွာ ပူးပေါင်းပါဝင်ပေးခဲ့လို့ ကျေးဇူးတင်စကားပြောကြားခဲ့သလို ယိမ်းသမတွေဖျော်ဖြေတာ၊ ဆုရရှိတဲ့ယိမ်းအဖွဲ့တွေကို ဆုချီးမြှင့်တာတွေနဲ့ အောင်မြင်စွာပိတ်သိမ်းခဲ့သလို လွတ်လွတ်လပ်လပ်ပျော်ရွှင်ခဲ့တဲ့ပြည်သူတွေကလည်း နှစ်ဟောင်းကအညစ်အကြေးတွေ ပေါ့ပါးစွာအတာရေနဲ့ဆေးချရင်း ငြိမ်းချမ်းပျော်ရွှင်စွာနေထိုင်လိုတဲ့ မြန်မာလူမျိုးတွေရဲ့ ပင်ကိုယ်စိတ်ရင်းမှန်ကို ပြသခဲ့ကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *