April 29, 2024

၁၆. ၄. ၂၀၂၄
Photo- Naing Thuta

မဟာသင်္ကြန်အတက်နေ့(ဧပြီလ ၁၆ ရက်နေ့) ညနေပိုင်းမှာ မန္တလေးမြို့၊ အမရပူရခရိုင်၊ အမရပူရမြို့နယ်၊ တောင်သမန်အင်းဘေးက အမရပူရခရိုင်”မယ်ဇယ်သစ္စာ သင်္ကြန်ရေကစားမဏ္ဍပ်”မှာ လာရောက်ပျော်ရွှင်နေကြတဲ့ ပြည်သူတွေရဲ့မြင်ကွင်းနဲ့ ဦးပိန်တံတားပေါ်ကို ရပ်ဝေးရပ်နီးက လာရောက်လည်ပတ်နေကြတဲ့ အများပြည်သူများကို တွေ့မြင်ရတဲ့ မြင်ကွင်းဖြစ်ပါတယ်။

လာရောက်လည်ပတ်ကြတဲ့ ဧည့်ပရိသတ်များစွာကို ယိမ်းအဖွဲ့မှ လှပျိုဖြူများက ကပြဖျော်ဖြေခြင်း၊ အနုပညာရှင်များကလည်း  သီဆိုဖျော်ဖြေခြင်းများ၊ စတုဒီတာကျွေးမွေးခြင်းများနဲ့ နှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်ကို အေးချမ်းစွာ စည်းစည်းကားကားနဲ့ ပျော်ရွှင်နေကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *