၂၄ . ၂ .၂၀၂၄
Written by MMAK

◾ မန်ယူ Vs ဖူဟမ်

မန်ယူအသင်း ၂၀၂၄ နှစ်စကတည်းက ရှုံးပွဲမရှိခဲ့ဘဲ နိုင်ပွဲဆက်နေခဲ့တာကြောင့် နောက်ရာသီ ဥရောပဝင်ခွင့်တစ်နေရာကို မျှော်လင့်လို့ရတဲ့ အနေအထား ရောက်လာပါပြီ။ ခြေစွမ်းပြနေတဲ့ တိုက်စစ်မှူး ဟွိုင်လန်း မပါဝင်နိုင်ချိန်မှာ ရက်ရှ်ဖို့အနေနဲ့ ခြေစွမ်းပြနိုင် ဂိုးသွင်းမလားဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ ဖူဟမ်အနေနဲ့က အမှတ်ပေးဇယား အလယ်မှာ ဟိုမရောက် ဒီမရောက်ဖြစ်နေတဲ့အတွက် ဒီပွဲစဉ်မှာ ပိတ်ကစားလာမယ် မထင်ပါဘူး။ ဟွိုင်လန်းမပါတာတောင် ဘော်ဒီကြေးနဲ့ ဂိုးပေါင်းကြေး ပြင်းရှနေပုံအရ နှစ်ဖက်သွင်းဂိုးတွေ မြင်ရနိုင်ပါတယ်။ မန်ယူအသင်းကလည်း ဥရောပဝင်ခွင့် တစ်နေရာရဖို့အတွက် အိမ်ကွင်းမှာ အနိုင်ရဖို့ကြိုးစားလာမှာ ဖြစ်သလို ဖိအားမရှိတဲ့ ဖူဟမ်အသင်းအနေနဲ့ကလည်း တိုက်စစ်နဲ့သာ တုံ့ပြန်လာမယ်ထင်ပါတယ်။ ဒီပွဲမှာ နှစ်သင်းလုံး ဂိုးရသွားမယ်ထင်သလို သုံးဂိုးလောက်က အနိမ့်ဆုံးဖြစ်သွားနိုင်တာမို့ ဂိုးပေါ် တစ်ကြောင်းတည်းကို ရွေးချယ်ပေးချင်ပါတယ် ။

◾ ခရစ္စတယ်ပဲလေ့စ် Vs ဘန်လေ

ပဲလေ့စ်အသင်း နည်းပြ အပြောင်းအလဲ လုပ်ထားတာ တွေ့ရပြီး ဘွန်ဒက်လီဂါမှာ ကျင်လည်ခဲ့တဲ့ သြစတီးယားလူမျိုး အိုလီဗာ ဂလက်စနာကို ခန့်အပ်ထားတာဖြစ်ပါတယ်။ ပဲလေ့အသင်းရဲ့ အဓိကစားသမား လေးယောက်လောက်ထိ ဒဏ်ရာ ရနေချိန် ဖြစ်သလို ပရီးမီးယားလိဂ် အတွေ့အကြုံ မရှိသေးတဲ့ နည်းပြအသစ်အနေနဲ့ ဘာလုပ်ပြနိုင်မလဲ ဆိုတာကတော့ စိတ်ဝင်စားဖို့ ကောင်းပါတယ်။တန်းဆင်းဇုန်နားကပ်နေတဲ့ ပဲလေ့စ်အသင်း  ရမှတ်တွေ လိုအပ်နေတာ ဖြစ်ပေမဲ့ ဘန်လေအသင်းရဲ့ အမှတ်လိုအပ်ချက်က ပိုများတာကို တွေ့ရပါတယ်။ ဒီပွဲမှာ ပဲလေ့စ်အသင်းက သရေအရှုံးပေးထားပြီး ဂိုးပေါင်းကြေး နှစ်လုံးငါးဆယ်အရှုံးဖြစ်ပါတယ်။ ပဲလေ့စ်အသင်းရဲ့အဓိကကစားသမား အများစု ဒဏ်ရာရနေသလို နည်းပြအသစ်ရဲ့ ပရီးမီးယားလိဂ် အတွေ့အကြုံ အားနည်းမှုကြောင့်  ဒီပွဲမှာ ဘန်လေအသင်းကို အနိုင်ရဖို့ မလွယ်ကူနိုင်ပါဘူး။ အမှတ်လိုအပ်ချက် များနေတဲ့ ဘန်လေအသင်း သရေလောက် ရသွားမယ်ထင်တဲ့အတွက် အဝေးကွင်းဘန်လေအသင်းကို ရွေးချယ်ပေးချင်ပါတယ်။

◾ အက်စတွန်ဗီလာ Vs နော်တင်ဟန်ဖောရက်

အက်စတွန်ဗီလာအသင်းအနေနဲ့ နောက်ရာသီ ချန်ပီယံလိဂ် ကန်ရဖို့ အမှတ်လိုသလို တန်းဆင်းဇုန်နားကပ်နေတဲ့ နော်တင်ဟန်ဖောရက်အသင်းလည်း အမှတ်လိုတာဖြစ်ပါတယ်။ ဗီလာအသင်းရဲ့ ပေါက်ကြေးက အရင်အပတ် စပါးနဲ့ ဝုဗ်အသင်းရဲ့ ပေါက်ကြေးမျိုးနဲ့ ဆင်တူပြီး အထက်သင်းဖြစ်တဲ့ စပါးအသင်း ကြေးမအောင်ခဲ့ပါဘူး။ ဗီလာအသင်း အိမ်ကွင်းခြေစွမ်းကောင်းတာ မှန်ပေမဲ့ အခုနောက်ပိုင်း ခြေစွမ်းအနည်းငယ်ကျလာတာကို တွေ့ရပါတယ်။ နော်တင်ဟန်ဖောရက်အသင်း အဝေးကွင်း မကောင်းတဲ့အတွက် ဗီလာအသင်းရဲ့ အိမ်ကွင်းမှာ ထိန်းကစားသွားမယ်ထင်ပါတယ်။ ဘော်ဒီကြေး တစ်လုံးသရေ ပေးထားသလို ဂိုးပေါင်းကြေး သုံးလုံးသရေ ဖြစ်ပါတယ်။ ဘော်ဒီကြေးမအောင်ဘူးလို့ ယူဆထားသလို နိုင်ရင်လည်း တစ်လုံးလောက်သာ ဖြစ်နိုင်တဲ့ အတွက် ဒီပွဲမှာ သွင်းဂိုးတွေ အများကြီး မြင်ရမယ်လို့ မထင်ပါဘူး။ လေးဂိုးသွင်းမှ အပြည့်ရှုံးမှာ ဖြစ်တဲ့အတွက် ဂိုးအောက်ကိုသာ ရွေးချယ်စေချင်ပါတယ်။

◾ ဘရိုက်တန် Vs အဲဗာတန်

ဘရိုက်တန်အသင်းရဲ့ တောင်ပံကစားသမား မီတိုမာ မပါဝင်နိုင်ပေမဲ့ အန်းဆုဖာတီ အစားထိုး ကစားလာနိုင်ပါတယ်။ ပဲလေ့စ်အသင်းကို အိမ်ကွင်းမှာ လေးဂိုးတစ်ဂိုး ရှက်ဖီးအသင်းကို ငါးဂိုးပြတ်နိုင်ထားတဲ့ ဘရိုက်တန်အသင်းအနေနဲ့ အဲဗာတန်အသင်းကို တစ်လုံးရှစ်ဆယ်စားဆိုတဲ့ပေါက်ကြေးက ဘယ်လိုမှမဖြစ်သင့်ပါဘူး။ အဲဗာတန် အမှတ်လျှော့ခံထားရလို့် အောက်ရောက်နေတယ် ဆိုပေမဲ့ ဘရိုက်တန်ရဲ့ လက်ရှိအခြေအနေနဲ့ ခြေစွမ်းအရ ပေါက်ကြေးက လုံးဝ ပျော့နေတာဖြစ်ပြီး ဘရိုက်တန်အသင်းအနေနဲ့ နိုင်မယ်ဆိုရင် တစ်လုံး လေးဆယ်စားလောက်ထိ ပေးသင့်တာ ဖြစ်ပါတယ်။ ဘော်ဒီကြေး တစ်လုံးရှစ်ဆယ်စားပေးထားပေမဲ့ ဂိုးပေါင်းကြေး သုံးလုံးလေးဆယ်စား ပေါက်ကြေးအရ အဝေးကွင်းအဲဗာတန်အသင်း ဂိုးရလိမ့်မယ်ဆိုတဲ့ ပေါက်ကြေးပါ။ ဒီပွဲစဉ်မှာ အဲဗာတန်အသင်း ဂိုးရလိမ့်လို့ ယူဆတဲ့အတွက် အဲဗာတန်အသင်းနဲ့ ဂိုးပေါ်ကို နှစ်ကျပ်ကွက်အဖြစ် ရွေးချယ်ပေးချင်ပါတယ်။

◾ ဘုန်းမောက် Vs မန်စီးတီး

ပထမအကျော့ မန်စီးတီးအိမ်ကွင်းမှာ သုံးလုံးစားပေါက်ကြေးပေးခဲ့ပြီး ခြောက်ဂိုးတစ်ဂိုးနဲ့ အနိုင်ရသွားပါတယ်။ အဒီအချိန်တုန်းက ဘုန်းမောက်အသင်း အဝေးကွင်းဖြစ်သလို တန်းဆင်းဇုန်ထဲမှာ ရုန်းကန်နေရပြီး ခြေစွမ်းကျနေချိန်ဖြစ်ပါတယ်။ ခုချိန်မှာ ဘုန်းမောက်အသင်း ပထမအကျော့ကန်ခဲ့တုန်းကလို ခြေစွမ်းမညံ့တော့တာကို သတိထားသင့်ပါတယ်။ မန်စီးတီးအသင်းရဲ့ ဘော်ဒီကြေးတစ်လုံးခြောက်ဆယ် အရှုံးပေါက်ကြေးနဲ့ ဂိုးပေါင်းကြေး သုံးလုံးလေးဆယ်အရှုံး ဂိုးပေါင်းကြေးက တစ်ခုခုလိမ်နေသလိုပါပဲ။ အမှတ်ပေးဇယားအလယ်က ဘုန်းမောက်အသင်း ပထမအကျော့ ဂိုးပြတ်ရှုံးပွဲအတွက် လက်စားချေဖို့ ကြိုးစားလာနိုင်သလို ဒီပွဲမှာ အိမ်ရှင် ဘုန်းမောက်အသင်း ဂိုးရသွားမယ်လို့ ထင်ပါတယ်။ ဂိုးပေါင်းကြေးပျော့နေပေမဲ့ ဂိုးပေါ်ကိုလည်း အကြိုက်တွေ့တာကြောင့် အိမ်ရှင်ဘုန်းမောက်အသင်းနဲ့ ဂိုးပေါ်ရွေးချယ်ထားတာ အကောင်းဆုံးဖြစ်ပါတယ်။

◾ အာဆင်နယ် Vs နယူးကာဆယ်

ပရီးမီယားလိဂ် နောက်ဆုံးသုံးပွဲမှာ အာဆင်နယ်အသင်းရဲ့တိုက်စစ်က ဆယ့်လေးဂိုးအထိသွင်းခဲ့တာ ဖြစ်ပြီး လီဗာပူးအသင်းကိုတောင် ဂိုးပြတ်အနိုင်ရထားတာ ဖြစ်ပါတယ်။ နယူးကာဆယ်အသင်းရဲ့ တိုက်စစ်မှူးတွေ ဒဏ်ရာရနေသလို ကွင်းလယ်က ဂျိုလင်တန်နဲ့ ဝီလော့ ဂိုးသမား နစ်ပုတ်တို့လဲ မပါဝင်နိုင်ပါဘူး။ အာဆင်နယ်အသင်းရဲ့ တစ်လုံးအရှုံး ဘော်ဒီကြေးက လုံးဝပြင်းရှနေတာဖြစ်ပြီး ဂိုးပေါင်းကြေးက သုံးလုံးသရေ ဖြစ်ပါတယ်။ လူမစုံတဲ့နယူးကာဆယ်အသင်းရဲ့ ခံစစ်က သိသိသာသာ ပေးဂိုးများနေသလို အဓိကကစားသမားတွေ ဒဏ်ရာရနေတာကြောင့် အာဆင်နယ်အသင်းရဲ့ ဘော်ဒီကြေး မြင့်မားနေတာ ဖြစ်ပါတယ်။ နယူးကာဆယ်အသင်းအနေနဲ့ အဝေးကွင်းမှာ ယှဉ်ကစားလာမယ်လို့ မထင်လို့ ဂိုးပေါင်းကြေး ပျော့နေတာ မှန်ပေမဲ့ ဘော်ဒီကြေး တစ်လုံးအရှုံးကတော့ ပေါက်ကြေးပြင်းနေတာဖြစ်ပါတယ်။ ဘွတ်ကီတွေ အနေနဲ့ ထိုးသားတွေကို နယူးကာဆယ်နေချင်အောင် ခေါ်ထားသလို ဖြစ်ပါတယ်။ ပထမကျော့က နယူးကာဆယ်ကွင်းမှာ အငြင်းပွားမှုတွေနဲ့ အရှုံးပေးခဲ့ရတဲ့ အာဆင်နယ်အသင်း အိမ်ကွင်းမှာ ဂိုးပြတ်အနိုင်နဲ့လက်စား ချေပြပါလိမ့်မယ်။ အာဆင်နယ် ဘော်ဒီကို ရွေးချယ်ထားပါ။

 

Leave a Reply

Your email address will not be published. Required fields are marked *