


၂၈.၁၀.၂၀၂၆
Written by Linn Eain
မြန်မာနိုင်ငံသို့ အောက်တိုဘာ ၃၀ ရက်တွင် စတင်လာရောက်မည့် မန်ချက်စတာယူနိုက်တက်ဂန္ထဝင်ကစားသမားများအနက် ရွိုင်ယန်ဂစ်နှင့် ဘာဘာတော့ပ် ပါဝင်မှုရွှေ့ဆိုင်းလိုက်ပြီး ဗလင်စီယာနှင့် ဖေဘီယိုဒါဆေးဗားတို့ ပါဝင်လာကြောင်း စီစဉ်သူများ၏ ကြေညာချက်အရ သိရသည်။
𝐋𝐄𝐆𝐄𝐍𝐃𝐀𝐑𝐘 𝐏𝐋𝐀𝐘𝐄𝐑𝐒 𝐌𝐄𝐄𝐓 & 𝐆𝐑𝐄𝐄𝐓 𝐈𝐍 𝐘𝐀𝐍𝐆𝐎𝐍 အစီအစဉ်ဖြင့် မြန်မာနိုင်ငံသို့ လာရောက်ရန် မူလစီစဉ်ထားသည့် Ryan Giggs နှင့် Dimitar Berbatov သည် Urgent Media Duty အစီအစဉ်များကြောင့် ရန်ကုန်မြို့ကို လာရောက်နိုင်ခြင်းမရှိတော့ဘဲ ပါဝင်မှုကိုရွှေ့ဆိုင်းလိုက်ခြင်းဖြစ်သည်။
“မူလအစီအစဉ်အရ 𝐋𝐄𝐆𝐄𝐍𝐃𝐀𝐑𝐘 𝐏𝐋𝐀𝐘𝐄𝐑𝐒 𝐌𝐄𝐄𝐓 & 𝐆𝐑𝐄𝐄𝐓 𝐈𝐍 𝐘𝐀𝐍𝐆𝐎𝐍 ကို လာရောက်ဖို့ စီစဉ်ထားတဲ့ Ryan Giggs နဲ့ Dimitar Berbatov တို့ဟာ Urgent Media Duty အစီအစဉ်တွေကြောင့် ယခုတစ်ကြိမ် ရန်ကုန်မြို့ကို လာရောက်နိုင်ခြင်းမရှိတော့ဘဲ ပါဝင်မှုကိုရွှေ့ဆိုင်းလိုက်ရပါတယ် ” ဟု Legendary Players Meet & Greet က ကြေညာထားသည်။
သို့သော် ဂန္ထဝင်ကစားသမားနှစ်ဦး ထပ်မံပါဝင်လာမည်ဖြစ်ပြီး မန်ချက်စတာယူနိုက်တက် အသင်းခေါင်းဆောင်ဟောင်း 𝐀𝐍𝐓𝐎𝐍𝐈𝐎 𝐕𝐀𝐋𝐄𝐍𝐂𝐈𝐀 နှင့် ဘယ်နောက်ခံလူဟောင်း 𝐅𝐀𝐁𝐈𝐎 𝐃𝐀 𝐒𝐈𝐋𝐕𝐀 တို့ဖြစ်ကြောင်း သိရသည်။
မူလအစီအစဉ်တွင် မန်ချက်စတာယူနိုက် ဂန္ထဝင်ကစားသမားဟောင်းများဖြစ်ကြသည့် ရွှိုင်ယန်ဂစ်၊ အီဗရာ၊ ဘာဘာတော့ပ်၊ အန်ဒါဆင်တို့ ရန်ကုန်မြို့တွင် ပရိသတ်များနှင့်တွေ့ဆုံပွဲပြုလုပ်ရန် စီစဉ်ထားပြီး ယခုအခါ ပြောင်းလဲလိုက်မှုအရ အီဗရာ၊ ဗလင်စီယာ၊ အန်ဒါဆင်၊ ဖေဘီယို စုစုပေါင်း ၄ ဦး တွေ့ဆုံကြမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ပရိသတ်တွေ့ဆုံပွဲများကို ရန်ကုန်မြို့ရှိ 𝐌𝐞𝐥𝐢𝐚 ဟိုတယ် 𝐆𝐫𝐚𝐧𝐝 𝐁𝐚𝐥𝐥𝐫𝐨𝐨𝐦 နှင့် 𝐘𝐚𝐧𝐠𝐨𝐧 𝐂𝐨𝐧𝐯𝐞𝐧𝐭𝐢𝐨𝐧 𝐂𝐞𝐧𝐭𝐫𝐞 (𝐘𝐂𝐂) တို့တွင် အောက်တိုဘာ ၃၀ ရက်မှ၊ နိုဝင်ဘာ ၁ ရက်အထိ ပြုလုပ်မည်ဖြစ်ကြောင်း ကြေညာထားကာ တွေ့ဆုံခွင့်လက်မှတ်များကိုလည်း ရောင်းချလျက်ရှိကြောင်း သိရသည်။
