၂၈.၁၀.၂၀၂၆
Written By Thandar
သရုပ်ဆောင် ဗညားဘုန်းပြည့်ရဲ့ မွန်ဘာသာစကားနဲ့သီဆိုထားတဲ့ “I Need You” Music Video ကို မွန်လူမျိုးတွေရဲ့ရိုးရာအငွေ့အသက်တွေနဲ့ ပုံဖော်တင်ဆက်ရာ ၄၈ နာရီမပြည့်ခင်မှာပဲ 1M View အထိရရှိထားလို့ ပရိသတ်တစ်ယောက်ချင်းစီကို ကျေးဇူးအများကြီးတင်တယ်လို့ ဖွင့်ဟလာပါတယ်။
“ကျွန်တော်ရဲ့ “ I Need You” Music Video မှာ ရိုးရာအငွေ့သက်တွေကို ကျွန်တော် သိသလောက် လက်လှမ်းမှီသလောက် စုစည်းပြီး ပရိတ်သတ်အတွက် ချစ်စရာကောင်းအောင် အမှတ်တရအနေနဲ့ အများကြီး ကြိုးစားထည့်ရိုက်ထားပါတယ်။ ၄၈ နာရီမပြည့်ခင်မှာပဲ 1M View ပြည့်သွားပါပြီး ခင်ဗျာ။ အားပေးကြတဲ့ ပရိသတ်တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီးတင်ပါတယ်။ ဒီ MV လေးဖြစ်ပေါ်လာဖို ဝန်းရံပေးကြတဲ့ Artist အားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်”လို့ သရုပ်ဆောင် ဗညားဘုန်းပြည့်က ပြောပါတယ်။
အဆိုပါ တေးသီချင်းကိုတော့ တေးရေးဆရာ R J Nuu ၊ Music, Recording & Mixing ကို T Boy၊ ဒါရိုက်တာ Kina က သရုပ်ဆောင်တွေအနေနဲ့ Teddie Ko၊ လျဏ်းထက်အောင်၊ သော်ဇင်ခန့်၊ ဩဩ၊ ခွန်းည၊ နီနီလင်းအိမ်၊ Jessica Han၊ Mi Yin Gho Child၊ Mi Yin Gho Chan၊ မေသက်ကျော်၊ သီရိစန္ဒာ၊ အိမ်ဂျယ်၊ နွမ်ဒါဝီ စတဲ့သူတွေပါဝင်ထားကြပါတယ်။ Cover ပုံလှလှလေးရိုက်ပေးတဲ့ Kan Su Ho၊ ဝတ်စုံဒီဇိုင်းကို လိုချင်တဲ့ပုံရအောင် ချုပ်ပေးတဲ့ ဒီဇိုင်နာ Gho Chan၊ မွန်လုံချည်နဲ့ထဘီကို MT Mon Traditional Wear မမိုးသူ စတဲ့သူတွေက ပံ့ပိုးပေးခဲ့တယ်လို့ သိရပါတယ်။
ဗညားဘုန်းပြည့်ဟာ ၂၀၂၃ ခုနှစ် နိုဝင်ဘာလက ဖြည်းဖြည်းသတ် သီချင်း၊ စက်တင်ဘာလက ဒွက်သွက် ကဝေင်သီချင်း၊ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလက (မာ့ဆာန်လောန်)သီချင်း I love You ၊ ပရောဆာန်ဟိုဗိုမန် သီချင်း (မါန်လိုချစ်စကားပြော)၊ ဒီဇင်ဘာလက မင်းလေး…သို့၊ ၂၀၂၆ ခုနှစ် ဩဂုတ်လကမှာ ကွေံရ(Mhar Kwal Ra) စတာတွေကို မြန်မာဘာသာစကားနဲ့ သီချင်းတွေအပြင် မွန်ဘာသာစကားနဲ့ တေးသီချင်းများစွာ ထွက်ရှိထားသူလည်း ဖြစ်ပါတယ်။
“I Need You ”တေးသီချင်းကိုတော့ သီတင်းကျွတ်လပြည့်နေ့ အောက်တိုဘာ ၂၅ ရက် ည ၇ နာရီက ပရိသတ်ကို တင်ဆက်ပေးခဲ့တာလည်းဖြစ်ပါတယ်။
#ineedyou #ဗညားဆာန်လောန် #ဗညားဘုန်းပြည့် #နီနီလင်းအိမ် #မွန်သီချင်း #NiNiLinEain #RJNuu
#TeddieKo #HlannHtetAung #1MViews #48နာရီမပြည့်ခင် #MTEntertainment









