၂၉.၁၀.၂၀၂၆
Written By Thandar
အားလုံးရဲ့ အချစ်တော် ဆင်မကြီး မိုမိုရဲ့မွေးနေ့ အသက် ၇၃ နှစ်ပြည့် အထိမ်းအမှတ်ပွဲတော်ကြီးကို မနက်ဖြန် အောက်တိုဘာ ၃၀ ရက်မှာ ရန်ကုန်မြို့ရှိ တိရစ္ဆာန်ဥယျာဉ်မှာ စည်ကားသိုက်မြိုက်စွာ ကျင်းပမှာဖြစ်ပါတယ်။
အဆိုပါ မွေးနေ့ပွဲကိုတော့ အောက်တိုဘာ ၃၀ ရက်ကနေ နိုဝင်ဘာ၂ ရက်နေ့အထိ (၄) ရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပမှာဖြစ်ပါတယ်။
“မိုမို့ကို ချစ်တဲ့သူတွေ၊ ဆင်လေးတွေကို ချစ်တဲ့သူတွေနဲ့ မိသားစုလိုက် အပန်းဖြေချင်သူတွေအားလုံးကို “အားလုံးအတူပျော် မိုမို မွေးနေ့ပွဲတော်ကြီး”မှာ အတူတူဆုံတွေ့ဖို့ နွေးထွေးစွာ ဖိတ်ခေါ်လိုက်ပါတယ်ရှင်”လို့ တိရစ္ဆာန်ဥယျာဉ်က တာဝန်ရှိသူက ပြောပါတယ်။
ဒီပွဲတော်ကြီးမှာ ရင်ခုန်ပျော်ရွှင်စရာ ရှမ်းရိုးရာအကအလှတွေ၊ ပျော်စရာ Game တွေနဲ့ ဆုလက်ဆောင်တွေ၊ တေးဂီတဖျော်ဖြေပွဲတွေ၊ အရသာရှိတဲ့ ဒေသထွက်အစားအစာတွေ စတဲ့ ပျော်ရွှင်စရာအစီအစဉ်တွေနဲ့အတူ မိုမိုရဲ့ မွေးနေ့ပွဲတော်ကြီးကို အမှတ်တရများစွာနဲ့အတူ ကျင်းပမှာလည်းဖြစ်ပါတယ်။
#ဆင်မကြီးမိုမို #မိုမို၇၃နှစ်ပြည့်မွေးနေ့ #အားလုံးအတူပျော်မိုမိုမွေးနေ့ပွဲတော် #MoMo73rdBirthday #YangonZoo #MTEntertainment
