သက်တံ့
၂၉. ၁၀. ၂၀၂၆
မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ သိပ္ပံလမ်းပေါ်ရှိ ကညနရုံးအနီး ရပ်တန့်ထားသည့် ကားတစ်စီးပေါ် အမျိုးသားတစ်ဦးအား လည်ပင်းနှင့် ဦးခေါင်းပြတ်ရှဒဏ်ရာများဖြင့် သေဆုံးလျက်သား ယနေ့နံနက်ပိုင်းက တွေ့ရှိခဲ့ရကြောင်း ကနဦးသတင်းများအရ သိရသည်။
ဖြစ်စဉ်မှာ ယနေ့ အောက်တိုဘာ ၂၉ ရက် နံနက် ၈ နာရီဝန်းကျင်အချိန်တွင် ကညနရုံးအနီး အနက်ရောင် Honda Vamos ကားတစ်စီး၏ ဒရိုင်ဘာခုံပေါ် အသက် ၃၀ ဝန်းကျင်ရှိပြီး စွပ်ကျယ်အနီနှင့် မီခိုးပြာရောင် ဘောင်းဘီတိုဝတ်ဆင်ထားသည့်အမျိုးသားတစ်ဦးအား လည်ပင်းထိုးသွင်း ပြတ်ရှဒဏ်ရာများဖြင့် သွေးအိုင်ထဲတွင် သေဆုံးလျက်သား တွေ့ရှိခဲ့ရခြင်းဖြစ်သည်။

အဆိုပါအမျိုးသားမှာ အသက် ၃၂ နှစ်အရွယ် ကိုမျိုးသန့်ဆိုသူဖြစ်ပြီး ခန့်ကြီးဘီယာဆိုင်ပိုင်ရှင်ဖြစ်သည်ဟုလည်း PAN သတင်းဌာနက ဖော်ပြထားသလို ဒေသတွင်းသတင်းဌာနဖြစ်သည့် VOM ကလည်း သေဆုံးသူမှာ ယာဘက်နဖူးပြတ်ရှ ဒဏ်ရာ(၁)ချက်၊ ယာပါးပြတ်ရှဒဏ်ရာ(၃) ချက်၊ ဝဲပါးပြတ်ရှဒဏ်ရာ (၃)ချက်၊ လည်ပင်းပြတ်ရှ ဒဏ်ရာ (၁) ချက်၊ ယာလက်မောင်းပြတ်ရှဒဏ်ရာ(၁)ချက်တို့ဖြင့် သေဆုံးခဲ့သောကြောင့် မန္တလေး ပြည်သူ့ဆေးရုံကြီးသို့ ပိုဆောင်ထားပြီး နယ်မြေစခန်း အမှတ်(၁၁) က (ပ)၁၅၅/ ၂၀၂၆၊ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ- ၃၀၂ နှင့် အရေးယူဆောင်ရွက်ထားကာ တရားခံဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက်နေကြောင်း ဖော်ပြထားသည်။
Photo – PAN
