April 23, 2024

မလေးရှားတွင် တရားမဝင်ငါးဖမ်းသည့် မြန်မာလုပ်သားများ

၃၀.၁၁.၂၀၂၂
Written by Nay Aung

မလေးရှားနိုင်ငံ ပီနန်ပြည်နယ်ရှိ မလေးရှားရေကြောင်းအာဏာပိုင်အဖွဲ့သည် မလေးရှားရေပိုင်နက်ထဲသို့ ၀င်ရောက်ပြီးတရားမဝင် ငါးဖမ်းရန်ကြိုးပမ်းသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား ငါးဖမ်းသမား ၆ ဦးကို ပြီးခဲ့သည့်ရက်ပိုင်းတွင် ဖမ်းဆီးလိုက်ကြောင်း မလေးရှားသတင်းများတွင် ဖော်ပြထားသည်။

ပီနန်ပြည်နယ် ရေကြောင်း အာဏာပိုင်အဖွဲ့ ညွှန်ကြားရေးမှူး အက်ဘ် ရာဇက် မိုဟာမက်က စုံစမ်းစစ်ဆေးမှုများအရ ပြည်တွင်း ငါးဖမ်းလှေတစ်စီးနှင့်အတူ တရားမဝင်ငါးဖမ်းရန် ကြိုးပမ်းသည့် လှေပေါ်တွင်ဖမ်းဆီးရမိသူ ၆ ဦးသည် မြန်မာနိုင်ငံသားများဖြစ်ကြောင်း အတည်ပြုပြောဆိုခဲ့သည်။

” ကျွန်တော်တို့ဟာ မလေးရှားရေကြောင်းပိုင်နက်အတွင်း ကင်းလှည့်ချိန်မှာ မသင်္ကာဖွယ်တွေ့ရတဲ့ ငါးဖမ်းလှေကို စုံစမ်း စစ်ဆေးခဲ့တယ်။ ငါးဖမ်းလှေကို ထိန်းသိမ်းခဲ့ပြီး လှေပေါ်မှ ာလိုက်ပါလာသူတွေကို ဖမ်းဆီးကာ စုံစမ်းမေးမြန်းခဲ့တယ်။ ငါးဖမ်းလှေကတော့ ပီရက်ပြည်နယ်မှာ အခြေစိုက်တဲ့လှေဖြစ်တယ်၊ မြန်မာနိုင်ငံမှ တရားမဝင်ရွေ့ပြောင်းအလုပ်သမား ၆ ဦးက ပီရက်မြို့ အခြေစိုက်လှေကို အသုံးပြုပြီးငါးဖမ်းဖို့ ကြိုးပမ်းခဲ့တာပါ၊ ဖမ်းဆီးရမိတဲ့ မြန်မာနိုင်ငံသားတွေဟာ အသက် ၂၁ နှစ်နဲ့ အသက် ၃၂နှစ်အရွယ်ကြားရှိပါတယ်” ဟု ၎င်းက ဆိုသည်။

အဆိုပါ မြန်မာနိုင်ငံသားများသည် မလေးရှားနိုင်ငံတွင် အလုပ်လုပ်ကိုင်ရန်တရားဝင်ခွင့်ပြုချက်များ မပါရှိခဲ့ကြောင်း၊ ပီနန်ပြည်နယ် ရေကြောင်း အာဏာပိုင်အဖွဲ့ ညွှန်ကြားရေးမှူးကဆိုသည်။

ပီနန်ပြည်နယ် ရေကြောင်း အာဏာပိုင်အဖွဲ့ ညွှန်ကြားရေးမှူးက ” ဖမ်းဆီးရမိတဲ့ မြန်မာနိုင်ငံသားတွေဟာ မလေးရှားနိုင်ငံကိုတရားဝင်လာရောက်ခွင့် မရှိသလို အလုပ်လုပ်ခွင့် အထောက်ထားခွင့်ပြုချက်လည်း မရှိကြဘူး၊ အဲဒီလူတွေကို လူဝင်ကြီးကြပ်ရေး ဥပဒေချိုးဖောက်မှု အပြင် တရားမဝင်ငါးဖမ်းမှု တားဆီးရေး ဥပဒေတွေနဲ့ စွဲချက်တင်မှာဖြစ်တယ် ” ဟုဆိုသည်။

Leave a Reply

Your email address will not be published. Required fields are marked *