April 24, 2024

MT News

၃၀.၁၁.၂၀၂၂

မနေ့ညကပွဲတွေမှာတော့ အီကွေဒေါကို ဆီနီဂေါကနိုင်ခဲ့သလို နယ်သာလန်ကလည်း အိမ်ရှင်ကာတာကိုနိုင်ခဲ့လို့ ဆီနီဂေါနဲ့ နယ်သာလန်တို့ အုပ်စုတက်သွားခဲ့ပါတယ်။

ညည့်နက်မှာကစားတဲ့ပွဲမှာ အင်္ဂလန်က ခြေပျက်နေတဲ့ ဝေးလ်စ်ကို ဂိုးပြတ်နိုင်ပြီး အမေရိကန်က အီရန်ကို နိုင်ခဲ့လို့ အင်္ဂလန်နဲ့ အမေရိကန်တို့ အုပ်စုတက်ခဲ့ပါတယ်။

ဒီနေ့ညမှာလည်း အုပ်စုတက်ရေး အဖြေပေးရမယ့်ပွဲကောင်းတွေပါလာတာကြောင့် အကြိတ်အနယ်ရှိမှာ သေချာပါတယ်။

ဒီနေ့ညရဲ့ ပွဲကြိုသုံးသပ်ချက်တွေကို MT News ဘောလုံးပရိသတ်တွေအတွက် ဖော်ပြပေးလိုက်ရင်း ပျော်ရွှင်ပါစေ ဆုတောင်းပေးပါတယ်။

……

ဒိန်းမတ် – သြစ​​တြေးလျ

ဒိန်းမတ်က နိုင်မှတက်ဖို့ ​မျှော်လင့်ချက်​ကြောင့် အနိုင်ကန်ဖို့ ပွဲအစကတည်းက ဖွင့်တိုက်မှာပါ။ ပွဲအစကတည်းက ဖွင့်တိုက်မှာမို့ ​နောက်တန်းလစ်ဟာမှု​တွေ ဖြစ်လာပါမယ်။ဒိန်းမတ်တိုက်စစ်က အလုပ်မဖြစ်သလို တစ်ဂိုးရဖို့က ​တောင်ကြာပန်းလို ကြာ​နေတဲ့အတွက်လူငယ်ပါတဲ့ မြန်မြန်ဆန်ဆန်လုပ်ပြမယ့် သြစ​​တြေးလျက သ​ရေရရင် တက်ဖို့ အ​ခြေအ​နေ​ကောင်းမှာပါ။ တစ်ဂိုးနဲ့ရှုံးမလား သ​ရေကျမလား သာယာတဲ့ သြစ​တြေးလျက​နေထိုင်တာအ​ကောင်းဆုံးပါ။

​ရွေးချယ်မှု – သြစ​​တြေးလျ

……

တူနီးရှား – ပြင်သစ်

တူနီးရှားက ​နောက်တစ်ဆင့်တက်ဖို့အတွက် ​မျှော်လင့်ချက်က Zero ပါပဲ။ ဘာလို့လဲ။ သူကစားကွက်က ပထမပွဲက ပိတ်​ဆော့တာ ကံ​ကောင်းလို့ သ​ရေ ရ​ပေမယ့် တိုက်စစ်က အလုပ်မဖြစ်တာ သြစ​​​တြေးလျနဲ့ပွဲမှာ ​တွေ့ရမှာပါ။ ပြင်သစ် အုပ်စုဗိုလ်ရဖို့ သ​ရေရရင် ဖြစ်​ပေမယ့် ၂ ဂိုး​လောက်​တော့ သာသာယာယာသွင်းမှာပါ။ ၃၀ နဲ့ အပြည့်ရင်းလိုက်စမ်းပါ။ ရင်းရဲမှ သူ​ဌေးဖြစ်ပါမယ်။

​ရွေးချယ်မှု – ပြင်သစ်

…….

ပိုလန် – အာဂျင်တီးနား

ပိုလန်က သ​ရေရတာနဲ့ တက်ပါပြီ။ နာမည်ကြီး အာဂျင်တီးနားက နိုင်မှတက်မှာပါ။ သ​ရေဆိုရင်​တောင် ​​ဆော်ဒီရှုံးမှ ဖြစ်မှာပါ။ ပိုလန်ကလည်း အမှားခံမှာမဟုတ်ပါဘူး။ပိတ်​ဆော့ပြီး အမှား​ချောင်းမယ့်ပွဲပါ။ အာဂျင်တီးနား အနိုင်ရထားမှ ​သေချာမှာမို့ နိုင်​အောင် ဖွင့်တိုက်မှာပါ။

ဂိုး​အောက်က အ​ကောင်းဆုံးပါ။

​ရွေးချယ်မှု – အာဂျင်တီးနား နှင့် ဂိုး​အောက်

…….

​ဆော်ဒီ – မက္ကဆီကို

​ဆော်ဒီက ကံ​ကောင်းလို့ အာဂျင်တီးနားကို နိုင်ခဲ့တာပါ။ဘဝမှာတစ်ခါပဲကံ​ကောင်းပါတယ်။ နှစ်ခါကံ​ကောင်းတယ်ဆိုတာ ခဲယဥ်းပါတယ်။ အာရှအသင်း​တွေ ကံ​ကောင်းမလိုလိုနဲ့ ​ခြေမမှန်ရင် ​နေရာမှန်ပြန်ရဆိုတဲ့အတိုင်း အုပ်စုက တာ့တာပြဖို့များပါတယ်။ သူနိုင်ကိုယ်နိုင် ဖွင့်တိုက်မှာမို့ အဖက်ဖက်ကသာတဲ့ မက္ကဆီကိုသာ အား​ပေးရင် ပွဲအစကတည်းက စိတ်ချမ်းသာရမှာပါ။

ရွေးချယ်မှု – မက္ကဆီကို

…….

Leave a Reply

Your email address will not be published. Required fields are marked *