April 20, 2024

MT News
၃၀. ၁၁. ၂၀၂၂

ချင်းတိုင်းရင်းသား နာမည်ကျော်တိုက်ခိုက်ရေးသမား ထီရယ်လ်ထန်သည် လာမည့်ရက်ပိုင်းအတွင်းကျင်းပမည့် One Championship-164 ပွဲစဉ်ကို ပါ၀င်ယှဉ်ပြိုင်မည်ဖြစ်ပြီး ဖိလစ်ပိုင် တိုက်ခိုက်ရေးသမား ဂျရေမီ ပါကာတူ နှင့်ယှဉ်ပြိုင်မည်ဖြစ်ကြောင်းသိရသည်။

One Championship-164 ပွဲစဉ်ကို ဒီဇင်ဘာ ၃ ရက်နေ့တွင် ကျင်းပမည်ဖြစ်ရာ ထီရယ်လ်ထန် သည် ပါကာတူနှင့်ယှဉ်ပြိုင်တိုက်ခိုက်မည်ဖြစ်ကြောင်းသိရသည်။

ထီရယ်လ်ထန်သည် လက်ရှိအချိန်တွင် နာမည်ကျော်ကချင်တိုင်းရင်းသား အောင်လအန်ဆန် နှင့်အတူ လေ့ကျင့်နေပြီး ပါကာတူကို အနိုင်ရရန် စိတ်အားထက်သန်လျက်ရှိနေကြောင်း သိရသည်။

ထီရယ်လ်ထန်သည် ယခုနှစ်ဖေဖော်ဝါရီလက ယှဉ်ပြိုင်ထိုးသတ်ခဲ့ရာ ဒီဇင်ဘာလအတွင်း ထိုးသတ်မည့် ပွဲစဉ်က သူ့အတွက် ယခုနှစ်အတွင်း နှစ်ကြိမ်မြောက်ထိုးသတ်သော ပွဲစဉ်ဖြစ်လာခဲ့ကြောင်း သိရသည်။

ထီရယ်လ်ထန်သည် One Championship နှင့် စာချုပ်ဆိုခဲ့ပြီးနောက် တိုက်ခိုက်ရေးပွဲပေါင်း ၅ ပွဲထိုးသတ်ထားကာ သုံးပွဲနိုင်၊ တစ်ပွဲ ရှုံးနိမ့်ထားပြီး ယခုပွဲမတိုင်ခင် နောက်ဆုံးထိုးသတ်ထားသည့် ပွဲစဉ်တွင် မထိုးသတ်ရန် တားမြစ်ထားသည့်နေရာကို ထိုးသတ်မိသည့်အတွက် ပွဲမပြီးမီရပ်နားခဲ့ပြီး ပွဲကိုဖျက်သိမ်းခဲ့ရကြောင်း သိရသည်။

ထီရယ်လ်ထန်သည် ၂၀၁၉ ခုနှစ်တွင် One Championship နှင့် ပူးပေါင်းရန် ဆုံးဖြတ်ခဲ့ပြီးနောက် ၂၀၁၉ ခုနှစ်တွင် တိုက်ခိုက်ရေးပွဲစဉ်များ ယှဉ်ပြိုင်ခဲ့ရာ ပထမဆုံး သုံးပွဲဆက်တိုက် အနိုင်ရခဲ့သော်လည်း လေးပွဲမြောက်မှာ ရှုံးနိမ့်ခဲ့သလို ငါးပွဲမြောက်က ပွဲပျက်ခဲ့ရကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *