၉.၁၀.၂၀၂၆
Translated by Htwe Ko Tun
အင်ဒိုနီးရှားနိုင်ငံ၏ ဒေသအချို့တွင် တောမီးများ လောင်ကျွမ်းနေသည်မှာ ရက်သတ္တပတ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်ရာ ယခုအခါမီးခိုးများက အင်ဒိုနီးရှားနိုင်ငံတစ်ဝန်းသို့သာမက အိမ်နီးချင်း မလေးရှား၊ စင်ကာပူနှင့် ဖိလစ်ပိုင်နိုင်ငံများဆီသို့ပါ ပျံ့နှံ့ရောက်ရှိလျက်ရှိကြောင်း သတင်းများက ဖော်ပြခဲ့ကြသည်။
စင်ကာပူနိုင်ငံတွင် F1 Grand Prix ပြိုင်ပွဲကို အောက်တိုဘာလ ၉ ရက်၌ စတင်ကျင်းပမည်ဖြစ်ရာ မီးခိုးမြူထုကြောင့် လေထုညစ်ညမ်းမှုမှာလည်း စံချိန်တင်အဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။
မလေးရှားနိုင်ငံတွင်လည်း ပြည်နယ်အချို့၌ ကျောင်းများပိတ်ထားရန် တာဝန်ရှိသူများက ညွှန်ကြားထားသည်။
အင်ဒိုနီးရှားနိုင်ငံတွင် ယခုနှစ်သည် တောမီးလောင်ကျွမ်းမှုများထဲမှ အဆိုးရွားဆုံးနှစ်ဖြစ်ပြီး ၎င်းမှာ အဓိကအားဖြင့် လယ်သမားများနှင့် ကုမ္ပဏီများက မြေရှင်းလင်းရေးအတွက် ကုန်ကျစရိတ် သက်သာသော နည်းလမ်းအဖြစ် အသုံးပြုသည့် တရားမဝင် ခုတ်ထွင်မီးရှို့ရှင်းလင်းခြင်း လုပ်ငန်းစဉ်များကြောင့် ဖြစ်ပွားရခြင်းဟုလည်း သိရသည်။
ယခုနှစ် ဇူလိုင်လမှ စက်တင်ဘာလအတွင်း အင်ဒိုနီးရှား ကျန်းမာရေးဝန်ကြီးဌာန၏ မှတ်တမ်းများအရ တောမီးလောင်ကျွမ်းမှုများနှင့် ဆက်စပ်သည့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါကူးစက်ခံရသူ ပေါင်း ၁၇၅,၀၀၀ နီးပါးရှိခဲ့သည်။
ကျွမ်းကျင်သူများ၏ အဆိုအရ ယခုနှစ်တွင် ဖြစ်ပေါ်နေသော အလွန်ပြင်းထန်သည့် အယ်လ်နီညို ရာသီဥတုဖြစ်စဉ်က မိုးခေါင်ရေရှားမှု အခြေအနေများကို ပိုမိုဆိုးရွား မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟမ်က မီးခိုးမြူပြဿနာနှင့် ပတ်သက်၍ ဒေသတွင်း ပူးပေါင်းတုံ့ပြန်ဆောင်ရွက်မှုများ ပြုလုပ်နိုင်ရန် အရှေ့တောင်အာရှနိုင်ငံများအသင်း အဖွဲ့ဝင်နိုင်ငံများမှ ဝန်ကြီးများ အစည်းအဝေးခေါ်ယူ ရန် တိုက်တွန်းပြောကြားခဲ့သည်။
Ref: BBC
