၉.၁၀.၂၀၂၆
Written By Thandar
ဂီတအနုပညာရှင် ကွယ်လွန်သူ တေးရေး၊ တေးဆို ကိုင်ဇာ ရေးစပ်ဖန်တီးခဲ့တဲ့ တေးသီချင်းများကို ရုပ်သံအစီအစဉ်၊ အွန်လိုင်းပလက်ဖောင်း၊ လူမှုကွန်ရက်နဲ့ ဖျော်ဖြေပွဲတွေမှာ အသုံးပြုလိုပါက အမွေဆက်ခံခွင့်ရှိသူ အစ်ကိုဖြစ်သူ ဦးကိုကိုဝင်း(ခ)ဆီဇာထံ ကြိုတင်ခွင့်ပြုချက်ရယူဖို့ တရားလွှတ်တော်ရှေ့နေ ဦးမြအောင်က အသိပေးကြေညာလာပါတယ်။
တေးရေး တေးဆို ကိုင်ဇာ အသက် ၆၆ နှစ်ဟာ ၂၀၂၆ ခုနှစ် ဩဂုတ် ၂၂ ရက် ည ၇ နာရီက ဝိတိုရိယဆေးရုံမှာ ကွယ်လွန်ခဲ့ပြီးနောက် ၎င်းရေးစပ်ဖန်တီးခဲ့သည့် တေးသီချင်းများနှင့် သက်ဆိုင်သော မူပိုင်ခွင့်၊ စီမံခန့်ခွဲခွင့်နဲ့ အသုံးပြုခွင့်ဆိုင်ရာကိစ္စရပ်တွေကို အမွေဆက်ခံခြင်း ဥပဒေနဲ့အညီ အစ်ကိုဖြစ်သူ ဦးကိုကိုဝင်း(ခ)ဆီဇာက ဆက်လက် စီမံခန့်ခွဲလျက်ရှိကြောင်း ကြေညာလာတာဖြစ်ပါတယ်။
ကိုင်ဇာရေးစပ်ဖန်တီးခဲ့တဲ့ တေးသီချင်းတွေကို ရုပ်သံအစီအစဉ်တွေ၊ အွန်လိုင်းပလက်ဖောင်းတွေ လူမှုကွန်ရက်တွေ၊ ဖျော်ဖြေပွဲတွေနဲ့ အခြားလုပ်ငန်းတွေအတွက် အသုံးပြုလိုသူတွေအနေနဲ့ ဦးကိုကိုဝင်း (ခ) ဆီဇာထံမှာ ကြိုတင်အသိပေးပြီးတော့ ခွင့်ပြုချက်ရယူဖို့အသိပေးလာတာပါ။
ဒါ့ပြင် ကြိုတင်ခွင့်ပြုချက်မရှိဘဲ တေးသီချင်းတွေကို အသုံးပြုမပြုဖို့ တားမြစ်ထားပြီး ခွင့်ပြုချက်မရှိဘဲ အသုံးပြုပါက နစ်နာမှုဖြစ်ပေါ်လာပါက ဥပဒေနဲ့အညီ ဆောင်ရွက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ ဒီအသိပေးကြေညာချက်ကို ဦးကိုကိုဝင်း(ခ)ဆီဇာရဲ့ လွှဲအပ်ညွှန်ကြားချက်အရ တရားလွှတ်တော်ရှေ့နေ ဦးမြအောင်က ထုတ်ပြန်ခဲ့တာဖြစ်ပြီး ဆက်သွယ်လိပ်စာနဲ့ ဖုန်းနံပါတ်တွေကိုလည်း ကြေညာချက်တွေ ဖော်ပြထားတာ ဖြစ်ပါတယ်။
#ကိုင်ဇာ #MyanmarSinger #Kaizar #KaizarNWin #KoKoWin #ကိုကိုဝင်း #ဆီဇာ #ဂီတပညာရှင် #NyiNyiWin #တေးသီချင်းအမွေဆက်ခံသူ
