၃၁. ၁၀. ၂၀၂၃
Written by Nay Moe

ပြီးခဲ့တဲ့ မတ်လ ၂၅ ရက်က ကော်ဘရာစစ်ကြောင်းဟာ မြဝတီနယ်စပ်ကုန်သွယ်ရေးစခန်းကို RPG နဲ့ ပစ်ခတ်တိုက်ခိုက်မှုဖြစ်စဥ်မှာ အရပ်ဘက်၊ စစ်ဘက်ဝန်ထမ်း ၁၁ ယောက်ကို သတ်ဖြတ်ပြီး ဒုရဲမှူးနဲ့ဇနီးအပါအဝင် ပြည်သူ ၈ ဦးကို ဖမ်းဆီးခဲ့တဲ့ စစ်ဆင်ရေးဦးဆောင်သူ ကော်ဘရာစစ်ကြောင်း တပ်ခွဲ (၅) ရဲ့ တာဝန်ခံတပ်ခွဲမှူး ကော်ဘရာကိုရှိုင်းဟာ RPG ထိမှန်သေဆုံးခဲ့ပြီး မနေ့က သင်္ဂြိုလ်လိုက်ပြီလို့ သိရပါတယ်။

ကော်ဘရာကိုရှိုင်းတို့ အုပ်စုတည့်တည့်ကို RPG ထိမှန်မှုဟာ အောက်တိုဘာ ၂၈ ရက်ကဖြစ်ခဲ့တာလို့ သိရပြီး ကိုရှိုင်းအပါအဝင် သုံးဦး ပွဲချင်းပြီးသေဆုံးခဲ့သလို အများအပြားဒဏ်ရာရခဲ့တယ်လို့လည်း သိရပါတယ်။

“ငါတို့တကယ်ဝေးရပီးတဲ့ ယောက်ကျားရယ်။ ငါ့ချစ်လို့တောင်မဝသေးဘူးလေ ငါ့ယောက်ကျားရေ။ ငါတို့ညားခါစပုံလေးလေယောက်ကျားရယ်(သတ်ပုံ မူရင်းအတိုင်း)” လို့ ကိုယ်ဝန်တစ်လနဲ့ကျန်ခဲ့တဲ့ ကော်ဘရာကိုရှိုင်းရဲ့ ဇနီး Naw Aprilsay က လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။

ကော်ဘရာကိုရှိုင်းဦးဆောင်တဲ့အဖွဲ့ မြဝတီနယ်စပ်ကုန်သွယ်ရေးစခန်းကို RPG နဲ့ ပစ်ခတ်တိုက်ခိုက်တဲ့ ရုပ်သံဟာ လူမှုကွန်ရက်မှာနာမည်ကျော်ခဲ့သလို နိုင်ငံ့ဝန်ထမ်းနဲ့ ပြည်သူ ၁၁ ဦးကို မီးရှို့သတ်ဖြတ်ခဲ့တဲ့ပုံတွေကလည်း လူမှုကွန်ရက်မှာ လူသိများ ပျံ့နှံ့ခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *