



သတိုး
၁၉. ၁၀. ၂၀၂၆
တည်ဆဲဥပဒေ ချိုးဖောက်မှုများစွာဖြင့် ပြစ်ဒဏ်ကျခံနေရသည့် အထူးအကျဉ်းသူ ဒေါ်အောင်ဆန်းစုကြည် ထံသို့ ဗြိတိန်နိုင်ငံ၊ တတိယမြောက် ချားစ်ဘုရင်က ပေးပို့သည့် စာအုပ် ၂ အုပ်၊ အိတ်ပိတ်စာအိတ် ၁ အိတ်နှင့် သံတမန်အိတ်ပိတ်စာတို့အား ယနေ့ ပေးအပ်ခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဒုတိယဝန်ကြီး ဒေါက်တာခိုင်ခိုင်စိုးက ယခု ထုတ်ပြန်သည်။
“၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁၉ ရက် ၁၀၄၀ အချိန်မှ ၁၀၅၀ အချိန်ထိ ပြည်ထဲရေး ဝန်ကြီးဌာန တာဝန်ရှိသူများက အထူးအကျဉ်းသူ ဒေါ်အောင်ဆန်း စုကြည် ထံသို့ ဗြိတိန်နိုင်ငံ၊ တတိယမြောက် ချားစ်ဘုရင်က ပေးပို့သည့် စာအုပ် ၂ အုပ် (The Land Garderners – Soil to Table နှင့် Soil The World at Our Feet) အိတ်ပိတ်စာအိတ် ၁ အိတ်နှင့် သံတမန်အိတ်ပိတ်စာတို့အား ပေးအပ်ခဲ့ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။”ဟု ဒေါက်တာခိုင်ခိုင်စိုး၏ ထုတ်ပြန်ချက်က ဖော်ပြသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်းနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၏ ဥက္ကဋ္ဌဖြစ်ခဲ့သူ ဒေါ်အောင်ဆန်းစုကြည်သည် ဖျက်သိမ်းလိုက်သည့် ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲ မဲမသမာမှု၊ အဂတိလိုက်စားမှုများဖြင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ တွင် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး ထောင်ဒဏ် ၃၃ နှစ်အထိ ချမှတ်ခံခဲ့ရသော်လည်း နောက်ပိုင်းတွင် ပြစ်ဒဏ်အများစု လျှော့ပေါ့ပေးခဲ့သလို နေအိမ်အကျယ်ချုပ်ပေးခြင်း၊ ICRC ဖြင့် တွေ့ခွင့်ပြုခြင်းအပါအဝင် အထူးခံစားခွင့်အမျိုးမျိုးရရှိထားသည်။
