၃၁. ၁၀. ၂၀၂၃
Translated by Htwe Ko Tun
အသက် ၂၂ နှစ်ရှိ ရှာနီလော့ခ် အမည်ရှိ အစ္စရေး-ဂျာမန် အမျိုးသမီးငယ်တစ်ဦး၏ ခေါင်းဖြတ်ခံထားရသော ကိုယ်တစ်ပိုင်း ဗလာကျင်းလျက် စွန့်ပစ်ထားသည့်အလောင်းအား ဂါဇာကမ်းမြောင်ဒေသအတွင်း ထရပ်ကားတစ်စီး၏ နောက်ဘက်၌ အစ္စရေးတပ်ဖွဲ့များက ဂါဇာဒေသအတွင်း မြေပြင်ထိုးစစ်ဆင်နွှဲစဉ် ပြန်လည်တွေ့ရှိခဲ့ကြောင်း သိရသည်။

ရှာနီလော့ခ်မှာ အစ္စရေးနိုင်ငံတောင်ပိုင်း Re’im မြို့၌ ကျင်းပနေသော တေးဂီတပွဲတော်သို့ အောက်တိုဘာလ ၇ ရက်က တက်ရောက်နေစဉ် ဟားမားစ်တို့၏ တိုက်ခိုက်မှုအတွင်း ပြန်ပေးဆွဲဖမ်းဆီးခံရကာ ဂါဇာသို့ ခေါ်ဆောင်သွားခြင်းခံရသည်ဟု ယုံကြည်ရသည်။

This image has an empty alt attribute; its file name is photo_2023-10-31_15-33-58.jpg

သို့သော် ရှာနီလော့ခ်၏ အစ်မ အေဒီကမူ ရှာနီလော့ခ်မှာ တေးဂီတပွဲတော်အား ဟားမားစ်တို့ဝင်ရောက် တိုက်ခိုက်စဉ်ကပင် သေဆုံးခဲ့ပြီးဟု အောက်တိုဘာ ၃၀ ရက်တွင် အတည်ပြုပြောခဲ့သည်။ လော့ခ်၏ မိခင်ဖြစ်သူက ၎င်း၏သမီးမှာ ဂါဇာရှိဆေးရုံတစ်ရုံတွင် ဖမ်းဆီးခံထားရခြင်းဖြစ်မည်ဟု မူလက ပြောခဲ့သေးသော်လည်း အောက်တိုဘာလ ၂၉ ရက်တွင်မူ သမီးဖြစ်သူသေဆုံးပြီးဖြစ်ကြောင်း ဂျာမန်ရုပ်မြင်သံကြားသို့ အကြောင်းကြားခဲ့သည်။

အဆိုပါ ဟားမားစ်တို့တိုက်ခိုက်သည့်နေ့တွင် တွေ့ရသော ဗီဒီယိုတစ်ခုအရ လော့ခ်အား ကားတစ်စီး၏ နောက်ဖက်တွင်တင်ကာ လှုပ်ရှားမှုမရှိ လဲလျောင်းလျက် ဟားမားစ်တို့က ဂါဇာသို့သယ်ဆောင်သွားခဲ့ခြင်းဟု သိရသည်။

အစ္စရေးနိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ရှာနီလော့ခ် သေဆုံးပြီးဖြစ်‌ကြောင်း အတည်ပြုချက် ပို့စ် တစ်ခုကို လူမှုကွန်ရက် X ၌ ရေးသားခဲ့သည်။

အောက်တိုဘာ ၇ ရက်နံနက်က Re’im မြို့၌ ကျင်းပနေသော တေးဂီတပွဲတော်သို့ ဝင်ရောက်တိုက်ခိုက်ခဲ့သော ဟားမားစ် တို့က လူ ၂၆၀ ကို သတ်ဖြတ်သွားခဲ့ကြရာ အစ္စရေးနိုင်ငံသမိုင်း၌ အဆိုးဝါးဆုံး ဖြစ်ရပ်ဖြစ်ခဲ့ရသည်။

Ref—–The Guardian

Leave a Reply

Your email address will not be published. Required fields are marked *