၃၁. ၁၀. ၂၀၂၃
Written by Pan Ei

ဂျပန်နိုင်ငံအလယ်ပိုင်း တိုဒါမြို့က အထွေထွေရောဂါကုဆေးရုံတစ်ရုံမှာ ဒီနေ့(အောက်တိုဘာ ၃၁ ရက်) နေ့လယ်က သေနတ်နဲ့ ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံမီဒီယာတွေက ဖော်ပြခဲ့ကြပြီး လူနှစ်ဦး ဒဏ်ရာရရှိခဲ့သလို သေနတ်သမားဟာ ဝါရာဘီမြို့က စာတိုက်တစ်ခုအတွင်း လူတွေကို ဓားစာခံအဖြစ် ဖမ်းဆီးထားတယ်လို့လည်း သိရပါတယ်။

ပစ်ခတ်မှုဖြစ်စဉ်တွေဟာ ဂျပန်နိုင်ငံမှာ ရှားပါးလွန်းလှပြီး ဒီနေ့ဖြစ်စဉ်ကြောင့် ဒဏ်ရာရရှိခဲ့သူနှစ်ဦးဟာ အသက် ၄၀ ဝန်းကျင် ဆရာဝန်တစ်ဦးနဲ့ အသက် ၆၀ ဝန်းကျင် လူနာတစ်ဦးဖြစ်တယ်လို့လည်း သိရပါတယ်။

This image has an empty alt attribute; its file name is photo_2023-10-31_15-30-38.jpg

ပစ်ခတ်မှုဖြစ်စဉ်ရဲ့ သံသယရှိသူ သေနတ်သမားဟာ အသက် ၄၀ နဲ့ ၅၀ ဝန်းကျင်၊ ခန္ဓာကိုယ်အရွယ်အစား အလယ်အလတ်နဲ့ အနက်ရောင် jumper ၀တ်ဆင်ထားပြီး အခင်းဖြစ်ပွားရာနေရာကနေ ဆိုင်ကယ်နဲ့ ဝါရာဘီမြို့ကို ထွက်ပြေးသွားခဲ့ခြင်းဖြစ်ကာ စာတိုက်အတွင်း ဓားစာခံတွေနဲ့အတူ ပုန်းအောင်းနေနိုင်ကြောင်း ရဲတပ်ဖွဲ့က ဖော်ပြထားပါတယ်။

အဲ့ဒါကြောင့် ဝါရာဘီမြို့က စာတိုက်အနီးမှာ နေထိုင်သူတွေကို မလိုအပ်ဘဲ အပြင်ထွက်တာတွေကို ရှောင်ရှားဖို့နဲ့ ရွှေ့ပြောင်းဖို့အမိန့်တွေ ထုတ်ပြန်ရင်လည်း ရွှေ့ပြောင်းရေးအမိန့်တွေအပါအဝင် တရားဥပဒေစိုးမိုးရေးဆိုင်ရာ ညွှန်ကြားချက်တွေနဲ့ ပူးပေါင်းလုပ်ဆောင်ဖို့ တိုက်တွန်းထားပါတယ်။

This image has an empty alt attribute; its file name is photo_2023-10-31_15-30-41.jpg

ဂျပန်နိုင်ငံဟာ တင်းကြပ်တဲ့ သေနတ်ထိန်းချုပ်မှုဥပဒေတွေကြောင့် ကမ္ဘာပေါ်မှာ အလုံခြုံဆုံးနိုင်ငံတစ်နိုင်ငံအဖြစ် ကာလရှည်ကြာ ဂုဏ်သတင်း ချီးမြှောက်ခံရထားရတဲ့ နိုင်ငံဖြစ်ပြီး သေနတ်ဝယ်ဖို့အတွက် လူတွေက တင်းကျပ်တဲ့ စာမေးပွဲနဲ့ စိတ်ကျန်းမာရေးစစ်ဆေးမှုတွေကို ခံယူရပါတယ်။ ပြီးခဲ့တဲ့ဆယ်စုနှစ်များစွာအတွင်း ဂျပန်နိုင်ငံမှာ ပစ်ခတ်မှုဖြစ်ပွားမှုအရေအတွက်မှာ ပုံမှန်အနေနဲ့ နှစ်စဉ် ၁၀ ကြိမ်ကနေ ၁၅ ကြိမ်အထိ ဖြစ်ပွားလေ့ရှိပြီး ဖြစ်ရပ်အများစုဟာ ရာဇ၀တ်ဂိုဏ်းတွေနဲ့ ဆက်စပ်နေတာပဲဖြစ်ပါတယ်။

Ref; The Thaiger, CNA

Leave a Reply

Your email address will not be published. Required fields are marked *