၃၁. ၁၀. ၂၀၂၃

Written by Thettant

ကလပ်အသင်းနဲ့ သူမတူတဲ့စွမ်းဆောင်ရည်တွေလုပ်ပြခဲ့တဲ့ ဟာလန်းရှိနေပေမဲ့လည်း မက်ဆီကိုပဲ Ballon d’Or ပေးမှာလို့ သတင်းထွက်ခဲ့တဲ့အတိုင်း ဒီမနက်ကျင်းပတဲ့ Ballon d’Or ဆုကို ကမ္ဘာ့ဖလားရခဲ့တဲ့ အင်တာမိုင်ယာမီအသင်းရဲ့ အာဂျင်တီးနားကပ္ပတိန် လီယွန်နယ်မက်ဆီကပဲ ၈ ကြိမ်မြောက် ဆွတ်ခူးသွားပါတယ်။

အကောင်းဆုံးလူငယ်ကစားသမားဆု(Kopa Trophy) ကို ရီးရဲမက်ဒရစ်အသင်းက အင်္ဂလန်ကွင်းလယ်ကစားသမား ဘယ်လင်ဟမ်၊ ရီးရဲကပဲ ဘရာဇီးသား ဗင်နီစီးယပ်စ်ဂျုနီယာဟာ Socrates Award(လူသားအကျိုးပြုကြိုးပမ်းဆု) နဲ့ အကောင်းဆုံးဂိုးသမားဆု Yashin Trophy ကိုတော့ မက်ဆီရဲ့အာဂျင်တီးနားကစားဖော် အက်စတွန်ဗီလာဂိုးသမား မာတီနက်ဇ် ရရှိခဲ့ပါတယ်။

This image has an empty alt attribute; its file name is 398313801_122123557430040280_2985061084648988794_n-1024x1024.jpg

အကောင်းဆုံးအမျိုးသမီးကလပ်အသင်းဆုကို ဘာစီလိုနာအမျိုးသမီးအသင်း၊ အကောင်းဆုံးအမျိုးသမီးကစားသမားဆုကို ဘာစီလိုနာအသင်းက စပိန်ကွင်းလယ်ကစားသမား ဘွန်မာတီ၊ အကောင်းဆုံးကလပ်အသင်းဆုကို မန်စီးတီးအသင်းနဲ့ နာမည်ကြီးထမင်းငတ် နော်ဝေနဲ့ မန်စီးတီးရဲ့ တိုက်စစ်မှူး အာလင်ဟာလန်းကတော့ အကောင်းဆုံးတိုက်စစ်မှူးဆု Gerd Muller နဲ့ပဲ သူ့ရဲ့အကောင်းဆုံးနှစ်အတွက် နှစ်သိမ်ခံခဲ့ရပါတယ်။

မက်ဆီဟာ ၈ ကြိမ်မြောက် Ballon d’Or ရသွားခဲ့သလို အဆင့်လိုက်ရပ်တည်မှုမှာ​တော့ ဟာလန်းကို မပေးလို့ နှစ်သိမ့်သလားထင်မှတ်မှားရအောင် ချန်ပီယံလိဂ်ရခဲ့တဲ့ မန်စီးတီးကစားသမား ၅ ဦးဟာ ထိပ်ဆုံး ၁၀ ယောက်ထဲရှိနေခဲ့ပြီး ဟာလန်းက အဆင့် ၂၊ ဘာပေက အဆင့် ၃၊ ဒီဘရိုင်းက အဆင့် ၄၊ ရိုဒရီက အဆင့် ၅၊ ဗင်နီစီးယပ်စ်က အဆင့် ၆၊ အယ်ဗာရက်စ်က အဆင့် ၇၊ အိုစီမန်က အဆင့် ၈၊ ဘာနာဒိုဆေးဗားလ်က အဆင့် ၉ နဲ့၊ အဆင့် ၁၀ ကတော့ လူကာမိုဒရစ်ဖြစ်ပြီး Ballon d’Or ငါးဆုရှင် ရော်နယ်လ်ဒိုကတော့ ထိပ်ဆုံး ၃၀ မှာတောင် မရပ်တည်နိုင်ခဲ့ပါဘူး။

Photo- France Football

Leave a Reply

Your email address will not be published. Required fields are marked *