၃၁. ၁၀. ၂၀၂၃
Written By Thandar

လာမယ့် နိုဝင်ဘာလ ၁၈ ရက်ကနေ နိုဝင်ဘာ ၂၇ ရက်နေ့အထိ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ အိမ်ရှင်အနေနဲ့ ကျင်းပမယ့် Miss Heritage International 2023 အလှမယ်ပြိုင်ပွဲကြီးကို မြန်မာနိုင်ငံကိုယ်စားပြုအလှမယ် ထက်သင်ဇာ ဝင်ရောက်ယှဥ်ပြိုင်သွားမှာဖြစ်တယ်လို့ MTNews Entertainment ကို ပြောပါတယ်။

“ညီမ လက်ရှိ ပြင်ဆင်ထားတာတွေကတော့ အများကြီးပါပဲရှင့်။ နိုင်ငံပေါင်း ၃၀‌ ကျော်ဆိုတော့ Myanmar ဆိုတာ အကုန်လုံးနဲ့ ရင်ပေါင်တန်းပြီး အကောင်းဆုံးဖြစ်အောင် ပြင်ဆင်ထားပါတယ် ။ Body, Beauty, Brain ဆိုတဲ့ လိုအပ်ချက်တွေပါ ပြင်ဆင်ထားပါတယ်။ Catwalk ပိုင်းဆိုလည်း ညီမ တစ်နှစ်ခွဲလောက် လေ့ကျင့်ထားပါတယ်။ Speaking ပိုင်းရော ကိုယ်တတ်နိုင်သလောက် အကောင်းဆုံးပြင်ဆင်ထားပါတယ်ရှင့်”လို့ အလှမယ်ထက်သင်ဇာက MTNews Entertainment ကို ပြောပါတယ်။

This image has an empty alt attribute; its file name is photo_2023-10-31_11-58-07-819x1024.jpg

အဆိုပါ ပြိုင်ကြီးမှာ နိုင်ငံပေါင်း ၃၀ ကျော်က ကိုယ်စားပြုအလှမယ်တွေနဲ့အတူ မြန်မာကိုယ်စားပြု အလှမယ် ထက်သင်ဇာက ဝင်ရောက်ယှဥ်ပြိုင်သွားမှာဖြစ်ပါတယ်။ သူမကိုတော့ The Model of Myanmar organization ကနေ တာဝန်ယူစေလွှတ်တာလည်း ဖြစ်ပါတယ်။

“အဓိကကတော့ National Costume ကိုလည်း ဒီဇိုင်နာ ကျော်စွာနဲ့ ဖန်တီးထားပါတယ်။ ပြီးတော့ ပွဲနာမည်က Heritage ဆိုတဲ့အတိုင်း ညီမတို့ Myanmar နိုင်ငံအတွက် အကောင်းဆုံးချပြသွားမှာပါ။ ဒီပြိုင်ပွဲကြီး နီးလာပြီမို့ စိတ်လှုပ်ရှားမိပါတယ်”လို့ သူမက ဆက်ပြောပါတယ်။

This image has an empty alt attribute; its file name is photo_2023-10-31_11-58-10-819x1024.jpg

အလှမယ် ထက်သင်ဇာဟာ Miss Glorious International Myanmar 2022 3rd Runner Up ဆု ၊ Miss New Face International Myanmar 2022 Grand Winner ဆု ၊ Queen Of Pan 2023 1st Runner Up ဆုတွေကိုရရှိထား သူလည်း ဖြစ်ပါတယ်။

Miss Heritage International 2014 မှာတုန်းက မြန်မာကိုယ်စားပြုအလှမယ် လှယဥ်ကျေးက Winner Crown ဆုကို ရရှိထားတာလည်း ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *