၅.၁၁.၂၀၂၆
Written By Thandar
Puerto Rico (ပေါ်တိုရီကို) နိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပမယ့် (၇၅) ကြိမ်မြောက် Miss Universe 20206 ပြိုင်ပွဲကြီးမှာ မြန်မာကိုယ်စားပြုအလှမယ် မေဂရေစ့်က ဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက် မြန်မာနိုင်ငံ အပြည်ပြည်ဆိုင်ရာ လေဆိပ်က ယနေ့ နံနက် ၉ နာရီက စတင်ထွက်ခွာခဲ့ပါတယ်။
“မေ လုံးဝကို ထင်မထားပါဘူး။ မေ့ကို တကူးတကကြီး Support တဲ့အတွက်ကြောင့် မေ အရမ်း ကျေးဇူးတင်ပါတယ်။ မေ ဒီခရီးကို တစ်ယောက်တည်းသွားရမှာလေ။ ဒါပေမယ့် မေကို လာအားပေးတဲ့ ပရိသတ်တွေ မြန်မာနိုင်ငံက Fan တွေ Miss Universe မိသားစုရယ်။ Shwe Nadi Shweyi ရော မေလုံးဝ မျက်နှာမငယ်ရဘူးဆိုတော့ မေတို့ Myanmar Power ကို ပြသသွားမှာပါ။ မေတော့ အရမ်းကို ရင်ခုန်နေပါပြီ။ မေ့ရဲ့ ဖက်ရှင်ပိုင်းတွေရော မြန်မာ Culture အကြောင်းတွေ တခြားအကြောင်းအရာတွေ မေ အများကြီး Share တွေ ရှိပါတယ်။ ဒါတွေကို နောင်တမရအောင် မေလုပ်သွားမှာပါ။ ဒီလောက် လူအုပ်အများကြီး မေကိုလိုက်ပို့ကြတော့ အရမ်းကိုအားရှိတာပေါ့။ အရမ်းလည်း ကျေးဇူးတင်တယ် မေတစ်ယောက်တည်းသွားပြိုင်တာ မဟုတ်ဘဲနဲ့ မြန်မာတစ်နိုင်ငံလုံးကို ခေါ်သွားသလိုကို ဖြစ်နေပြီလေ။ အရမ်းဝမ်းသာတယ်။ ပီတိဖြစ်တယ်။ မေအများကြီး ကြိုးစားသွားမှာပါ။ ဆရာလည်း အရမ်းလည်း ပျော်နေတယ်။ မေ့ရဲ့ Myanmar Power ကို သေချာပြပေးသွားမှာပါ”လို့ Miss Universe Myanmar မေဂရေ့စ်က ပြောပါတယ်။
အဆိုပါ ပြိုင်ပွဲအတွက် လေဆိပ်ကို National Director ထူးအံ့လွင်၊ အလှမယ် ဟန်သိမ့်သိမ့်အောင်၊ အိန်ဂျယ်လ်ကြည်ဖြူ စတဲ့ အလှမယ်တွေနဲ့အတူ ပရိသတ်တွေက သောင်းသောင်းဖြဖြ ကြိုဆိုလိုက်ပို့ကြသလို အိုးစည် ဒိုးပတ်တွေနဲ့လည်း အားပါးတရ အားပေးခဲ့ကြတာဖြစ်ပါတယ်။ ပြည်ပနိုင်ငံအသီးသီးကဖြစ်တဲ့ အင်ဒိုနီးရှား၊ နယူးဇီလန်၊ ပြင်သစ်၊ ဖီလစ်ပိုင်၊ ကမ္ဘောဒီးယား၊ စပိန်၊ ဘရာဇီး၊ ကိုရီးယား၊ အိန္ဒိယ၊ ဂွာတီမာလာ၊ ဘယ်လာရုစ်၊ ပေါ်တူဂီ၊ ဩစတြေးလျ၊ တရုတ်၊ ထိုင်း၊ အီသီယိုးပီးယား၊ ယူဂန်ဒါ၊ ဂရိ၊ မွန်ဂိုလီးယား၊ ဘော့ဆွာနာ၊ အီဂျစ်၊ ဘရာဇီး၊ အာဂျင်တီးနား၊ မကာအို၊ မော်လ်တာ၊ အိုက်စလန်၊ ယူကရိန်းစတဲ့ နိုင်ငံကအလှမယ်တွေနဲ့အတူ မြန်မာကိုယ်စားပြုအလှမယ် မေဂရေ့စ်က ဝင်ရောက်ယှဉ်ပြိုင်မှာလည်း ဖြစ်ပါတယ်။
ဒီနေ့မှာ ရိုးရိုးနှုတ်ဆက်ပွဲပို့ဆောင်ပေးတဲ့ ပွဲတစ်ခုထက် ပိုမိုလေးနက်စွာနဲ့ နိုင်ငံတစ်နိုင်ငံလုံးရဲ့ စုစည်းညီညွတ်မှုကို ပြသပြီး ပို့ဆောင်ခဲ့တာလည်း ဖြစ်ပါတယ်။
#မေဂရေ့စ် #MayGraceParry #myanmarcelenews #myanmarceles #MissUniverse #PuertoRico #MissMyanmar #MissUniverseMyanmar #MTEntertainment












