၃၁.၁၀. ၂၀၂၃
Written by Nay Moe

နွားထိုးကြီး၊ မတ္တရာနှင့် လဲချားမြို့နယ်များတွင် ရပ်ကျေးအုပ်ချုပ်ရေးမှူးတစ်ဦးအပါအဝင် အမျိုးသားသုံးဦးကို PDF များက သတ်ဖြတ်မှု ဖြစ်ပွားခဲ့သည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ဖြစ်စဥ်များမှာ အောက်တိုဘာ ၂၈ ရက်နေ့ နံနက် ၉ နာရီခွဲတွင် မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်၊ ထနောင်းပင်လဲကျေးရွာနှင့် စည်ပင်ကျေးရွာသွား မြေသားလမ်းဘေး၌ ထနောင်းပင်လဲကျေးရွာနေ ဦးထိန်လင်း(၅၀)နှစ်အား ကျည်ထိမှန်ဒဏ်ရာများဖြင့် သေဆုံးနေကြောင်းသတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ဦးထိန်လင်းအား ဦးခေါင်းမှနောက်စေ့မှ ကျည်ဖောက်ဝင်ပြီး ဝဲမျက်လုံးဖောက်ထွက်ဒဏ်ရာ တစ်ချက်၊ နောက်ကျောမှ ကျည်ဖောက်ဝင်ပြီး ဝမ်းဗိုက်ဖောက်ထွက်ဒဏ်ရာတစ်ချက်တို့ဖြင့် သေဆုံးနေသည်ကိုတွေ့ရှိရသဖြင့် ဖြစ်စဉ်အား စိစစ်ခဲ့ရာ ၎င်းသည် အောက်တိုဘာ ၂၇ ရက် ည ၁၀ နာရီအချိန်တွင် ၎င်း၏တောင်ယာတဲ၌ ရှိနေစဉ် PDF များက လာရောက်ဖမ်းဆီးခေါ်ဆောင်သွားပြီး သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အလားတူ မွန်းလွဲ ၁ နာရီ ၁၅ မိနစ်တွင် မတ္တရာမြို့နယ်၊ ညောင်အုပ်ကျေးရွာအုပ်စု ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်တင့်(၆၅)နှစ်သည် ညောင်အုပ်ကျေးရွာသို့ တစ်ဦးတည်း ဆိုင်ကယ်ဖြင့် မောင်းနှင်လာစဉ် အင်းကျေးရွာသွား လမ်းပေါ်အရောက်၌ ၎င်း၏အနောက်မှ ဆိုင်ကယ်တစ်စီးဖြင့် လိုက်ပါလာသည့် PDF ၂ ဦး(စိစစ်ဆဲ)က သေနတ်ဖြင့်ပစ်ခတ်ကာ ထွက်ပြေးသွားခဲ့သဖြင့် ဦးကျော်တင့်တွင် မျက်နှာနှင့် ရင်ဘတ်တို့၌ ကျည်ဖောက်ဝင်ဒဏ်ရာ ၃ ချက်ရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးခဲ့ကြောင်း သိရသည်။

အလားတူ ည ၈ နာရီ ၁၀ မိနစ်တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လဲချားမြို့နယ်၊ ဟိုဖိုင်ကျေးရွာနေ ဦးစိုင်းစံအေး(၃၆)နှစ်သည် နေအိမ်၌ မိသားစုနှင့်အတူရှိနေစဉ် နေအိမ်အရှေ့မှ ၎င်း၏အမည်အားခေါ်သံကြားသဖြင့် ထွက်ကြည့်စဉ် ၎င်း၏နေအိမ်အရှေ့ လမ်းပေါ်၌ ဆိုင်ကယ် တစ်စီးဖြင့် ရပ်နေသည့် PDF ၂ ဦး (စိစစ်ဆဲ)က သေနတ်ဖြင့်ပစ်ခတ်ကာ ထွက်ပြေးသွားခဲ့သဖြင့် ဦးစိုင်းစံအေးတွင် ရင်ဘတ်နှင့် ဆီးခုံတို့၌ ကျည်ဖောက်ဝင်ဒဏ်ရာသုံးချက်ရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးခဲ့ကြောင်း သိရသည်။

နွေဦးတော်လှန်ရေးစတင်သည့်အချိန်မှ ယခုနှစ် အောက်တိုဘာလဆန်းအထိ သံဃာတော်များ၊ နိုင်ငံဝန်ထမ်းများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊ ဆရာဆရာမနှင့် ကျောင်းသားကျောင်းသူ ကလေးသူငယ် ၆၆၀၀ ကျော်မှာ “ဒလန်၊ သူလျှို၊ နစကယန္တရားလည်ပတ်အောင်ပြုလုပ်ပေးသူ” ဆိုသည့် စွပ်စွဲချက်များဖြင့် NLD, NUG, PDF နှင့် EAOs တို့၏ သ-တ်ဖြ-တ်မှုခံထားရသည်။

Leave a Reply

Your email address will not be published. Required fields are marked *