၃၁. ၁၀. ၂၀၂၃
Written by Pan Ei

နေ့ရက်သစ်တွေမှာ အချစ်ဇာတ်လမ်းသစ်နဲ့ Titanic မင်းသားကြီး လီယိုနာဒို ဒီကာပရီယိုကတော့ အသက် ၂၅ ဝန်းကျင် ကောင်မလေးတွေနဲ့ တွဲခုတ်တတ်တယ်လို့ နာမည်ကြီးတဲ့အလျောက် အခုအခါမှာလည်း သူနဲ့ အသက် ၂၃ နှစ်လောက်ကွာတဲ့ အသက် ၂၅ နှစ်အရွယ် အီတလီမော်ဒယ်မလေး Vittoria Ceretti နဲ့ တွဲနေကြပြီပဲဖြစ်ပါတယ်။

အသက် ၄၈ နှစ်အရွယ်ရှိပြီဖြစ်တဲ့ လီယိုနာဒို ဒီကာပရီယိုက မော်ဒယ် Gigi Hadid နဲ့ လအတော်ကြာ လက်တွဲခဲ့ပြီးနောက် အခုအခါ မော်ဒယ် Vittoria Ceretti နဲ့ တွဲနေတဲ့ သတင်းဟာလည်း ကမ္ဘာတစ်ဝှမ်းလုံးကို လှုပ်လှုပ်ရွရွဖြစ်စေခဲ့ပါတယ်။ ဒါ့အပြင် Vittoria Ceretti ကို ဇွန်လ ၇ ရက် ၁၉၉၈ ခုနှစ်မှာ မွေးဖွားခဲ့ခြင်းဖြစ်ကာ လီယိုနာဒို ဒီကာပရီယို ရဲ့ ၁၉၉၇ ခုနှစ်က ထွက်ရှိခဲ့တဲ့ ကမ္ဘာကျော်ရုပ်ရှင် တိုက်တန်းနစ်ရုပ်ရှင်သက်တမ်းထက်တောင် ရည်းစားဖြစ်သူက ငယ်နေသေးတာကြောင့် လီယိုနာဒို ဒီကာပရီယိုကို ပရိသတ်တွေက စနောက်တာတွေလည်း ရှိနေပါသေးတယ်။

This image has an empty alt attribute; its file name is photo_2023-10-31_12-36-49-1024x682.jpg

သူတို့ နှစ်ယောက် လက်တွဲခဲ့တာဟာ တစ်လကျော်သွားပုံရပြီး ပြီးခဲ့တဲ့စက်တင်ဘာလက လီယိုရဲ့ မိခင် Irmelin Indenbirken နဲ့အတူ အီတလီနိုင်ငံ မီလန်မြို့ရှိ Pinacoteca Ambrosiana ပြတိုက်အပြင်ဘက်မှာ သူတို့စုံတွဲကို အတူတကွ စတင်တွေ့ရှိခဲ့တာဖြစ်ပါတယ်။

သူတို့နှစ်ဦးရဲ့ဆက်ဆံရေးကို အခုအချိန်အထိ ကာယကံရှင်တွေကအတည်မပြုသေးပေမဲ့ တူတူရှိတဲ့ အချိန်တွေပိုကြာလာလေလေ သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးက နွေးထွေးလာပုံရကာ နွေရာသီခရီးကို တူတူထွက်ခဲ့တယ်လို့လည်း သတင်းတွေမှာဖော်ပြထားပြီး မကြာသေးမီရက်ပိုင်းအတွင်းက လော့စ်အိန်ဂျလိစ်က Halloween ပါတီတစ်ခုမှာလည်း သူတို့နှစ်ဦးသားရဲ့ ရင်းနှီးတဲ့အခိုက်အတန့်တွေနဲ့ ပုံရိပ်တွေက လူမှုကွန်ရက်မှာ ပျံ့နှံ့လာခဲ့ပါသေးတယ်။

Ref; Wion

Leave a Reply

Your email address will not be published. Required fields are marked *