မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာအမျိုးသားကော်မတီအစည်းအဝေးတွင် ဥက္ကဋ္ဌဖြစ်သူ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း အမှာစကား ပြောကြားစဥ်

၂၆-၁၀-၂၀၂၂

Written by Thettant

၂၀၂၄ ခုနှစ် သန်းခေါင်စာရင်းကောက်ယူရာတွင် မသန်စွမ်းသူမှတ်ပုံတင်ခြင်းလုပ်ငန်းကို တစ်ပြိုင်နက်တည်းဆောင်ရွက်နိုင်ရေးအတွက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့ ညှိနှိုင်း ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း SAC ဒုတိယဥက္ကဋ္ဌ​က ပြောကြားသည်။

လက်ရှိတွင် မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများမှတ်ပုံတင်ခြင်းလုပ်ငန်းကို ကနဦးစီမံကိန်းနယ်မြေ (၄) ခုဖြစ်သည့် နေပြည်တော်ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ ကရင်ပြည်နယ်၊ ဘားအံမြို့နယ်နှင့် ရှမ်းပြည်နယ် တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တို့တွင် အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိပြီး မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းဖြင့် မသန်စွမ်းမှုအဆင့်အလိုက် လိုအပ်သောပံ့ပိုးမှုများကို သိရှိပံ့ပိုးပေးနိုင်မည်ဖြစ်သကဲ့သို့ မသန်စွမ်းသူများမှတ်ပုံတင်ခြင်းဖြင့် သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက်မသန်စွမ်းသူများအပေါ် ကူညီထောက်ပံ့မှုများ ထိထိရောက်ရောက်ဆောင်ရွက်လာနိုင်မည်ဖြစ်၍မသန်စွမ်းသူများအတွက်အလွန်အကျိုးရှိစေမည်ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံတွင် မြို့နယ်ပေါင်း (၃၃၀)ရှိသည့်အတွက် တစ်နိုင်ငံလုံးလွှမ်းခြုံနိုင်စေရေး စီမံကိန်းရေးဆွဲ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်းလည်း ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောကြားသည်။

လက်ရှိကာလသည် ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါဖြစ်သည့် ကိုဗစ်-၁၉ ကပ်ရောဂါနှင့် ရင်ဆိုင်ရဆဲဖြစ်ပြီး မိမိတို့နိုင်ငံအနေ ဖြင့် အောင်မြင်စွာဖြတ်ကျော်လျက်ရှိရာ ကိုဗစ်-၁၉ ကပ်ရောဂါ အလွန်ကာလများတွင် မသန်စွမ်းသူများ၏ ဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ ချမှတ်ထားပြီး အမျိုးသားကော်မတီ၏ လမ်းညွှန်မှုဖြင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ဦးဆောင်ကာ မသန်စွမ်းသူများ၏အခွင့်အရေးများဆိုင်ရာမဟာဗျူဟာ(၅)နှစ်စီမံကိန်း(၂၀၂၂-၂၀၂၇)ကို အတည်ပြုပြဋ္ဌာန်းခြင်း၊ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ ဆပ်ကော်မတီများ ပြင်ဆင်ဖွဲ့စည်း ခြင်း၊ မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများမှတ်ပုံတင်ခြင်း၊ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာအရင်းမပျောက် မတည်ငွေကျပ် (၃)ဘီလီယံကို တိုးပွားအောင် ဆောင်ရွက်ပြီး မသန်စွမ်းသူများ၊ မသန်စွမ်းအဖွဲ့အစည်းများသို့ ထိထိရောက်ရောက် ပံ့ပိုးပေးနိုင်ရေးဆောင်ရွက်ခြင်းစသည့် လုပ်ငန်းရပ်များကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်းလည်း မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာအမျိုးသားကော်မတီဥက္ကဋ္ဌက ပြောကြားသည်။

မြန်မာနိုင်ငံအနေဖြင့် ၂၀၁၄ ခုနှစ်တွင် ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူခဲ့ပြီးဖြစ်သဖြင့် ၂၀၂၄ ခုနှစ်တွင် ပြည်လုံးကျွတ်လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် စီမံချက်ရေးဆွဲပြီး စီစဉ်ဆောင်ရွက်လျက်ရှိကာ ၂၀၂၄ ခုနှစ် သန်းခေါင်စာရင်းကို ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်း၊ စာရင်းကောက်ယူခြင်းလုပ်ငန်း၊ စာရင်းဇယားပြုစုခြင်းလုပ်ငန်း၊ ဆန်းစစ်လေ့လာခြင်းနှင့် အစီရင်ခံစာထုတ်ပြန်ခြင်းလုပ်ငန်းစသည့် လုပ်ငန်းစဉ် (၄) ရပ်ဖြင့် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလမှ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလအထိ (၅၁) လခန့်ဖြင့် လျာထားဆောင်ရွက်လျက်ရှိပြီး လက်ရှိ SAC အစိုးရလက်ထက်တွင် ပထမအဆင့်ဖြစ်သည့် ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းအတွက် လုပ်ငန်းစဉ်အဆင့် (၈) ဆင့် ရှိသည့်အနက် အဆင့် (၅) ဆင့်ဖြစ်သည့် အခြေခံဒေသစာရင်းများပြုစုခြင်း၊ သန်းခေါင်စာရင်းလုပ်ငန်း အသေးစိတ်စီမံချက် (Project Document) ရေးဆွဲခြင်း၊ သန်းခေါင်စာရင်းကော်မရှင်နှင့် ကော်မတီအဆင့်ဆင့်ဖွဲ့စည်းခြင်း၊ GIS နည်းပညာအသုံးပြု၍ မြေပုံရေးဆွဲပြုစုခြင်း၊ စာရင်းကောက်ကွက်များဖွဲ့စည်းခြင်း၊ မေးခွန်းပုံစံနှင့် လက်စွဲစာစောင်များပြုစုခြင်းတို့ကို လုပ်ငန်း အချိန်ဇယားရေးဆွဲကာ ပထမဦးစွာ အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယခင်လ၀ကဝန်ကြီး ဦးခင်ရီက ပြောသည်။

Leave a Reply

Your email address will not be published. Required fields are marked *