၄.၁၂.၂၀၂၅
Written by Nay Yaung Lin
ပြည်သူ့ပါတီ၏ ပုသိမ်မြို့နယ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း(FPTP) ဦးမြင့်ဌေးသည် ကျန်းမာရေးထိခိုက်၍ ဒီဇင်ဘာ ၃ ရက်၊ ည ၁၀ နာရီ ၂၀ မိနစ်တွင် ကွယ်လွန်ခဲ့ကြောင်း ပြည်သူ့ပါတီ(ဗဟို)မှ သိရသည်။
တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း(FPTP) ဦးမြင့်ဌေးသည် ကွယ်လွန်ချိန်တွင် အသက် ၆၁ နှစ်ရှိပြီဖြစ်ပြီး ၉၆ ပါးသော ရောဂါဖြင့် ကွယ်လွန်အနိစ္စရောက်ခဲ့ကြောင်း သိရသည်။
ဦးမြင့်ဌေး၏ နာရေးဈာပနကို ဒီဇင်ဘာ ၅ ရက်၊ မွန်းလွဲ ၂ နာရီခွဲတွင် ပုသိမ်မြို့၊ သရောင်းချောင်းမီးသင်္ဂြိုဟ်စက်၌ ပြုလုပ်မည်ဖြစ်သည်။


