ဓာတ်ပုံ- (ခ) ရပ်ကွက် အခြေပြုပရဟိတအသင်

၂၆. ၁၀. ၂၀၂၂

Written by Tha Doe

အောက်တိုဘာ ၂၄ ရက် နံနက်က ကမာကြည်တံတား အမှတ် (၂) ပေါ်မှ ခုန်ချခဲ့သည့် အသက် ၂၀ ခန့် အမျိုးသမီးငယ်၏ ရုပ်အလောင်းအား ယနေ့ နေ့လယ် ၁ နာရီ ၁၅ မိနစ်တွင် ပြန်လည်တွေ့ရှိခဲ့ပြီဖြစ်ကြောင်း သင်္ဃန်းကျွန်းမြို့နယ် (ခ) ရပ်ကွက်အခြေပြု ပရဟိတအသင်းမှ သိရသည်။

” ဒီနေ့ နေ့လည် ၁ နာရီ ၁၅ မိနစ်မှာ ကမာကြည်တံတားအမှတ်(၂) ပေါ်က ခုန်ချသွားတဲ့ အသက်၂၀ ခန့်အမျိုးသမီးရဲ့ ရုပ်အလောင်းကို အမှတ်(၂) တံတားနဲ့ ကိုက် ၅၀၀ ခန့်အကွာက ဆယ်ယူရရှိခဲ့ပါတယ်” ဟု (ခ) ရပ်ကွက်အခြေပြုပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

လက်ရှိတွင် အမျိုးသမီးငယ်မဇာခြည်၏ ရုပ်အလောင်းကို မြို့ဦးလုလင် ပရဟိတအသင်း၊ တောင်ဒဂုံမြို့နယ်အသင်းကားနှင့် စံပြဆေးရုံရေခဲတိုက်သို့ပို့ဆောင်ပေးခဲ့ကြောင်းလည်း သိရသည်။

အဆိုပါ အမျိုးသမီးငယ်ခုန်ချသွားစဥ် တံတားပေါ်၌ Ninja Van Myanmar ၏ကတ်များနှင့် ရင်ထိုး၊ ဖုန်း စသည့် အသုံးအဆောင်ပစ္စည်းများလည်း ကျန်ခဲ့ပြီး Ninja Van Myanmar မှ ဝန်ထမ်းများလည်း ပူးပေါင်းရှာဖွေခဲ့သကဲ့သို့ ဝမ်းနည်းကြောင်းများလည်း ရေးသားခဲ့သည့်အပြင် အမျိုးသမီးငယ်မဇာခြည်ခုန်ချရမှုမှာ မိသားစုကိစ္စကြောင့်ဖြစ်ကာ အဆိုပါ အမျိုးသမီးငယ်မှာ ပျော်ရွှင်စွာနေတတ်သူတစ်ဦးဖြစ်သည်ဟုလည်း ရင်းနှီးသူတချို့က မှတ်ချက်ပြုခဲ့ကြသည်။

Leave a Reply

Your email address will not be published. Required fields are marked *